Connect with us

Asia

အဇာဘိုင်ဂျန်နိုင်ငံသို့ တရုတ်ခရီးသွားဧည့်သည်လာရောက်မှု ၄၉ ရာခိုင်နှုန်း တိုးတက်လာ

ဘာကူ၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ်ပထမ ၁၀ လအတွင်း အဇာဘိုင်ဂျန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားဧည့်သည်ဦးရေ ၄၉ ရာခိုင်နှုန်း တိုးတက်လာကာ ၅၇,၀၀၀ ဦး ရှိခဲ့ကြောင်း နိုင်ငံ၏ ခရီးသွားလုပ်ငန်းအေဂျင်စီဥက္ကဋ္ဌ Fuad Nagiyev က နိုဝင်ဘာ ၁၇ ရက်၌ ပြောကြားခဲ့သည်။Nagiyev က ဧပြီတွင် လက်မှတ်ရေးထိုးခဲ့သည့် အပြန်အလှန်ဗီဇာကင်းလွတ်ခွင့်သဘောတူညီမှုများနှင့် ဘာကူနှင့် ပေကျင်း၊ ဘာကူနှင့် ဝူးလူမုချီ အကြား တိုက်ရိုက်လေကြောင်းလိုင်းများစတင်ခြင်း အပါအဝင် မကြာသေးမီက ဖြစ်ပေါ်ဖွံ့ဖြိုးတိုးတက်မှုများသည် ကူးလူးဆက်ဆံမှုအားကောင်းစေရန် အထောက်အပံ့ပေးနေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယခုအခါ အဇာဘိုင်ဂျန်သို့ လာရောက်သည့်ခရီးသွားဧည့်သည် ထိပ်တန်း စျေးကွက် ၁၀ နိုင်ငံတွင် ပါဝင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အဇာဘိုင်ဂျန် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ စီအီးအို Florian Sengstschmid က အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်နိုင်ငံတွင် ၎င်းတို့၏ Destinations Azerbaijan အစီအစဥ်ကို တိုးချဲ့ရန် စီစဥ်ထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ပြည်ပခရီးသွားစျေးကွက်ကြီးအဖြစ်ရှိနေမှုကို အလေးထားကာ အဆိုပါစျေးကွက်အတွင်း အဇာဘိုင်ဂျန်၏တည်ရှိမှု ဆက်လက်ကြီးထွားနေကြောင်း၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————————-
(English Version)
Azerbaijan sees 49 pct increase in Chinese tourist arrivals
BAKU, Nov. 18 (Xinhua) — The number of Chinese tourists visiting Azerbaijan rose by 49 percent in the first ten months of 2025, reaching 57,000, Chairman of the State Tourism Agency Fuad Nagiyev said Monday.
Nagiyev said recent developments, including the mutual visa-exemption agreements signed in April and the launch of direct flights between Baku and Beijing and Baku and Urumqi, are already contributing to stronger exchanges, adding that China is now among the top 10 source markets for visitors to Azerbaijan.
Florian Sengstschmid, CEO of the Azerbaijan Tourism Board, said Azerbaijan plans to expand its Destinations Azerbaijan program in China. Noting that China remains the world’s largest outbound tourism market, he said Azerbaijan’s presence in this market continues to grow.

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.