Connect with us

Asia

မော်လ်ဒိုက်နိုင်ငံက မျိုးဆက်သစ်တစ်ခုလုံးကို ဆေးလိပ်အပါအဝင် ဆေးရွက်ကြီးထုတ်ကုန်များအား တားမြစ်ပိတ်ပင် သည့်ဥပဒေ ပြဋ္ဌာန်း၊ အီး-စီးကရက်များကိုလည်း တစ်နိုင်ငံလုံးတွင် တရားမဝင်ဟု ကြေညာ

မော်လ်ဒိုက်နိုင်ငံ ဗီလာနာနိုင်ငံတကာလေဆိပ်အနီးတွင် ဓါတ်ပုံရိုက်ရန် ကိုယ်ဟန်ပြနေသူများကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကိုလံဘို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်အစိုးရက ဆေးရွက်ကြီးထုတ်ကုန်ထိန်းချုပ်မှုဥပဒေတွင် သိသာထင်ရှားသည့်ပြင်ဆင်ချက်များကို တရားဝင်ထည့်သွင်း အကောင်အထည်ဖော်လိုက်ခြင်းဖြင့် နိုဝင်ဘာ ၁ ရက်မှစ၍ အကျိုးသက်ရောက်သော ဆေးရွက်ကြီးထုတ်ကုန်အသုံးပြုမှုအပေါ် မျိုးဆက်သစ်တစ်ခုလုံးကို ပိတ်ပင်တားမြစ်မှုကို မိတ်ဆက် ကျင့်သုံးလိုက်ကြောင်း သိရသည်။အသစ်ထည့်သွင်းလိုက်သည့် ဥပဒေအစီအမံများမှာ ” အရည်အချင်းနှင့် ဗဟုသုတပြည့်စုံ၊ အကျင့်စာရိတ္တ ဖြောင့်မတ်တည်ကြည်၊ လုံ့လဝီရိယရှိသော နိုင်ငံသားများ ” ပေါ်ပေါက်စေလိုသည့် မော်လ်ဒိုက်သမ္မတ မိုဟာမက်မူအီဇူ၏ စိတ်ကူးစိတ်သန်းကို ရောင်ပြန်ဟပ်နေကြောင်း နိုင်ငံပိုင် PSM News သတင်းဌာနက နိုဝင်ဘာ ၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ဥပဒေပြင်ဆင်ချက်တွင် အီလက်ထရောနစ်စီးကရက် (အီး-စီးကရက်)များနှင့် ဆေးလိပ်ငွေ့ ရှူရာတွင်သုံးသည့် ထုတ်ကုန်များအပေါ် တစ်နိုင်ငံလုံးအနှံ့ပိတ်ပင်သည့်ပြဋ္ဌာန်းချက်လည်း ပါဝင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်နောက်ပိုင်း မွေးဖွားလာသူ တစ်ဦးချင်းအပေါ် ဆေးရွက်ကြီးထုတ်ကုန်အသုံးပြုမှု တားမြစ်ပိတ်ပင်သည့်ဥပဒေကို ယခုနှစ် ဧပြီ ၂၉ ရက်တွင် ပထမဆုံးအဆိုပြုခဲ့ခြင်းဖြစ်သည်။ အဆိုပါဥပဒေအရ ဆေးလိပ်ရောင်းချသူများကို အသက် ၂၁ နှစ်အောက် လူငယ် သို့မဟုတ် ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ပိုင်း မွေးဖွားသည့် မည်သူ့ကိုမဆို ဆေးရွက်ကြီး ထုတ်ကုန်များရောင်းချမှုမှ တားမြစ်ပိတ်ပင်ခြင်းအပါအဝင် ရောင်းချမှုများကို ကန့်သတ်ထားသည်။

အီး-စီးကရက်များ၊ ဆေးလိပ်ငွေ့ရှူရာတွင်သုံးသည့် ကိရိယာများနှင့် အခြားဆက်နွှယ်သော အပိုပစ္စည်း များအသုံးပြုမှု၊ လက်ဝယ်ပိုင်ဆိုင်မှု၊ တင်သွင်းမှုနှင့်ထုတ်လုပ်မှုအားလုံးကို လက်ရှိတွင် တားမြစ်ပိတ်ပင် လိုက်ပြီဖြစ်သည်။ (Xinhua)
——————————-
(English Version)
Maldives enforces generational tobacco ban, outlaws e-cigarettes nationwide
COLOMBO, Nov. 1 (Xinhua) — The Maldivian government has officially implemented landmark amendments to the Tobacco Control Act, introducing a generational ban on tobacco use effective from Saturday.
The new measures reflect President Mohamed Muizzu’s vision of fostering a “competent, morally upright, and diligent citizenry,” the state-run PSM News reported on Saturday.
The legislative package also enforced a nationwide ban on electronic cigarettes and vaping products, the report said.
First proposed on April 29, the legislation prohibits tobacco use among individuals born on or after Jan. 1, 2007. It also restricts sales, with vendors now barred from selling tobacco products to anyone under 21 or to those born after the generational cut-off year, it said.

The use, possession, importation, and manufacture of electronic cigarettes, vaping devices, and related accessories are now banned. ■
Photo:
People pose for a photo near the Velana International Airport in Maldives, Oct. 3, 2025. (Xinhua/Wu Yue)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.