Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံသား ၁၀၆ ဦးကို ဖမ်းဆီး

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒယ်ပြည်နယ် တီချို နိုင်ငံတကာလေဆိပ်တွင် အွန်လိုင်းလိမ်လည်မှု သံသယရှိသည့် တောင်ကိုရီးယားနိုင်ငံသားများကို အစောင့်အကြပ်များဖြင့် လေယာဥ်ပေါ်သို့ တင်ဆောင်နေမှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားအာဏာပိုင်များက အွန်လိုင်းလိမ်လည်မှုများပြုလုပ်သည်ဟူသောသံသယဖြင့် အမျိုးသမီး ၃၆ ဦး အပါအဝင် အင်ဒိုနီးရှားနိုင်ငံသား ၁၀၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေး အထူးကော်မတီက နိုဝင်ဘာ ၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဖနွမ်းပင်မြို့ တူးလ်ကော့ခ်ခရိုင်ရှိ လူအငှားနေထိုင်သည့် အဆောက်အဦ တစ်ခုကို အောက်တိုဘာ ၃၁ ရက်က ဝင်ရောက်စီးနင်းမှုအတွင်း သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖြိုခွင်းမှုအတွင်း ဒါဇင်ချီသော တယ်လီဖုန်းများ၊ လုပ်ငန်းသုံးကွန်ပျူတာများအပြင် ကားနှစ်စီးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

” အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အစီအစဥ်ရဲ့ မူဘောင်အရ အာဏာပိုင်တွေက ဆိုက်ဘာ လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ကြိုးကိုင်ခြယ်လှယ်နေသူအားလုံးကို နိုင်ငံတစ်ဝန်းလုံးမှာ ဥပဒေအရ အတင်းကျပ်ဆုံး အရေးယူဆောင်ရွက်သွားပါမယ်။ ဘယ်လို ခြွင်းချက်မျိုးမှ မရှိပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနိုင်ငံသည် လုံခြုံရေး၊ အများပြည်သူလုံခြုံရေးနှင့် လူမှုရေးပိုင်းဆိုင်ရာ ဘေးကင်းမှုကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဆိုက်ဘာလိမ်လည်မှု ကွန်ရက်များကို မကြုံစဖူးအဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိမ်နင်းမှုစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး အထူးကော်မတီ၏အဆိုအရ လွန်ခဲ့သည့်လေးလအတွင်း နိုင်ငံပေါင်း ၂၀ မှ အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၃,၄၀၀ ကျော်ကို ကမ္ဘောဒီးယားနိုင်ငံက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

——————————
(English Version)
Cambodia arrests 106 Indonesians for online scams
PHNOM PENH, Nov. 1 (Xinhua)
Cambodian authorities had arrested 106 Indonesians, including 36 women, on suspicion of conducting online scams, said a press release from the Ad-Hoc Committee to Combat Online Scams on Saturday.
The suspects were detained on Friday during a raid on a rental building in Phnom Penh’s Tuol Kork district, the press release said, adding that dozens of telephones and desktop computers, as well as two cars, were also confiscated during the crackdown.
“In the framework of the anti-online scam campaign, the authorities across the country will take the strictest legal action against all the masterminds involved in cyber scams, without any exception,” the press release said.
The Southeast Asian country has launched an unprecedented nationwide crackdown on cyber scam networks, aiming to maintain and protect security, public order and social safety.

According to Cambodia’s Ad-Hoc Committee to Combat Online Scams, the kingdom has arrested more than 3,400 online scam suspects from 20 nationalities during the past four months. ■
Photo:
South Korean online scam suspects are escorted onto a plane at the Techo International Airport in Kandal province, Cambodia on Oct. 18, 2025. (Agence Kampuchea Presse/Handout via Xinhua)