Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ စက်ဘီးတင်ပို့မှု ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း ၄၇.၆ ရာခိုင်နှုန်း တိုးတက်လာ

ကမ္ဘောဒီးယားနိုင်ငံ၊ Sihanoukville မြို့ရှိ Sihanoukville အထူးစီးပွားရေးဇုန် (SSEZ) ဝင်ပေါက်ကို ဝေဟင်မှ ဓါတ်ပုံရိုက်ကူးထားမှုအား ၂၀၂၅ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဖနွမ်းပင်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာစျေးကွက်သို့ စက်ဘီးများတင်ပို့မှုသည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၂.၈ သန်း ရှိခဲ့ကာ ယမန်နှစ်အလားတူကာလထက် ၄၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။ကမ္ဘောဒီးယားနိုင်ငံထုတ် စက်ဘီးများကို အများအားဖြင့် ဥရောပသမဂ္ဂ(အီးယူ)၊ ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကနေဒါနိုင်ငံနှင့် အခြားသောနိုင်ငံများသို့လည်း တင်ပို့ခဲ့ရကြောင်း ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့် ရှိသူ Penn Sovicheat ၏ ပြောကြားမှုအရ သိရသည်။

အဝတ်အစားများ၊ ရှူးဖိနပ်များ၊ ခရီးသွားလာရေးဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ ကားတာယာများ၊ ဆန်၊ ရော်ဘာ၊ သီဟိုဠ်သရက်စေ့များ၊ အဝါရောင်ငှက်ပျောသီးများ၊ သရက်သီးများ၊ တောကြက်မောက်သီးများ အစရှိသော အလားအလာကောင်းသည့် စိုက်ပျိုးရေးထွက်ကုန်များကဲ့သို့ပင် စက်ဘီးများကလည်း ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာစျေးကွက်သို့တင်ပို့သည့် အဓိကကုန်ထုတ်လုပ်ရေး ထုတ်ကုန်တစ်ခု ဖြစ်လာကြောင်း Penn Sovicheat က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခုကဲ့သို့ စက်ဘီးများတင်ပို့မှု တိုးတက်လာခြင်းက ခိုင်မာသော ကုန်ထုတ်လုပ်မှုအရှိန်အဟုန်နှင့် ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာမှုကို ထင်ဟပ်စေသည်ဟု ဖနွမ်းပင်တော်ဝင်တက္ကသိုလ်၏ နိုင်ငံတကာလေ့လာရေးနှင့် ပြည်သူ့မူဝါဒဆိုင်ရာ အင်စတီကျုမှ ကထိက Thong Mengdavid က ပြောကြားခဲ့သည်။

“ဘာဗတ်မြို့မှာရှိတဲ့ အထူးစီးပွားရေးဇုန် (SEZs)က စက်ဘီးထုတ်လုပ်ရေးစက်ရုံတွေရဲ့ တည်ငြိမ်တဲ့ လုပ်ငန်းလည်ပတ်မှု၊ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက်တွေ တိုးမြှင့်ဝင်ရောက်လာမှု၊ အဓိကကျတဲ့ စျေးကွက်အတွင်းကအမှာစာတွေ တိုးမြှင့်လာမှု အထူးသဖြင့်တော့ အီးယူစျေးကွက်ပေါ့ဗျာ၊ ဒါတွေက အခုလိုမျိုး စက်ဘီးတင်ပို့မှု ကြီးထွားလာစေဖို့ မောင်းနှင်ပေးခဲ့တာပါပဲ” ဟု Thong Mengdavid က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

” ဒီလမ်းကြောင်းအတိုင်းသာ ဆက်ပြီးသွားနေမယ်ဆိုရင် ကမ္ဘောဒီးယားဟာ အရင်က ပို့ကုန်စံချိန်တွေကို ကျော်တက်ဖို့ ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေသလို စက်ဘီးထုတ်လုပ်ရေးအတွက်လည်း ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ဒေသတွင်းဆိုင်ရာ အချက်အချာနေရာတစ်ခုအဖြစ် သူ့ရဲ့အခန်းကဏ္ဍကို အားကောင်းစေပါလိမ့်မယ်” ဟုလည်း Thong Mengdavid က ပြောကြားခဲ့သည်။ (Xinhua)
———————————–
(English Version)
Cambodia’s bicycle export up 47.6 pct in 1st 10 months of 2025
PHNOM PENH, Nov. 22 (Xinhua)
Cambodia exported bicycles worth 502.8 million U.S. dollars to international markets in the first 10 months of 2025, with a year-on-year rise of 47.6 percent, said a Ministry of Commerce report on Saturday.
Ministry of Commerce’s Secretary of State and Spokesperson Penn Sovicheat said the Made-in-Cambodia bicycles had been exported mostly to the European Union (EU), the United Kingdom, the United States, and Canada, among others.
Bicycles have become one of Cambodia’s main manufacturing products for exporting to international markets in addition to garments, shoes, travel goods, car tires, and potential agricultural commodities such as rice, rubber, cashew nuts, yellow bananas, mangoes, and longans, he told Xinhua.
Thong Mengdavid, a lecturer at the Institute for International Studies and Public Policy of the Royal University of Phnom Penh, said the increase reflected robust manufacturing momentum and rising global demand.
“Growth is driven by the stable operations of bicycle factories in special economic zones (SEZs) in Bavet City, improved access to regional supply chains, and expanding orders from key markets, particularly the EU market,” he told Xinhua.
“If this trajectory continues, Cambodia is well-positioned to surpass previous export records and will strengthen its role as a competitive regional hub for bicycle production,” he added. ■
Photo:
An aerial drone photo taken on May 22, 2025 shows the entrance of the Sihanoukville Special Economy Zone (SSEZ) in Sihanoukville, (SSEZ) Cambodia. (Photo by Nitola/Xinhua)