Connect with us

Asia

ဖိလစ်ပိုင်တောင်ပိုင်းရှိ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်ပျက်ကျရာနေရာ၌ ရုပ်အလောင်း ၆ လောင်းတွေ့ရှိ

မနီလာ၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း အဂူဆန်ဒယ်ဆာပြည်နယ်တွင် နိုဝင်ဘာ ၄ ရက်က ပျက်ကျခဲ့သော Super Huey ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဖိလစ်ပိုင်လေတပ်စစ်သည် ခြောက်ဦး၏ ရုပ်အလောင်းများကို ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များက ပြန်လည်ဆယ်ယူခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင်လေတပ် (PAF) က ထုတ်ပြန်ခဲ့သည်။စစ်သည်များသည် ရဟတ်ယာဉ်မှူးနှစ်ဦးနှင့် ရဟတ်ယာဉ်အမှုထမ်းလေးဦး၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူခဲ့ကြောင်း PAF ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး မာ ခရစ္စတီနာ ဘတ်စ်ကိုက မီဒီယာသို့ ပြောကြားခဲ့သည်။

“တပ်မတော်က လေယာဉ်ပျက်ကျရာနေရာမှာ ရုပ်အလောင်းခြောက်လောင်းကို ပြန်လည်ဆယ်ယူခဲ့ပါတယ်။ ကနဦးသတင်းပို့ထားသလိုမျိုး ရုပ်အလောင်း ငါးလောင်းမဟုတ်ဘဲ ခြောက်လောင်းပါ” ဟု ဘတ်စ်ကိုက ပြောကြားခဲ့သည်။

အဆိုပါရဟတ်ယာဉ်မှာ ဖိလစ်ပိုင်တွင် နိုဝင်ဘာ ၄ ရက်အထိ လူ ၂၆ ဦးထက်မနည်း သေဆုံးစေခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ၏ သက်ရောက်မှုများကို အကဲဖြတ်ရန် စေလွှတ်ခဲ့သော ရဟတ်ယာဉ်လေးစင်း၌ ပါဝင်ခဲ့သည်။

နိုဝင်ဘာ ၄ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် ဖိလစ်ပိုင်တပ်မတော်၏ အရှေ့ပိုင်း မင်ဒါနာအိုစစ်ဌာနချုပ်က “ကံဆိုးမိုးမှောင်ကျသွားခဲ့တဲ့ Super Huey ရဟတ်ယာဉ်ရဲ့ ရဟတ်ယာဉ်မှူးနဲ့ ရဟတ်ယာဉ်အမှုထမ်းတွေရဲ့ ရုပ်အလောင်းတွေလို့ ယူဆရတဲ့ ရုပ်အလောင်းခြောက်လောင်းကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေက ပြန်လည်ဆယ်ယူနိုင်ခဲ့ပါပြီ” ဟု ကြေညာခဲ့သည်။
အဆိုပါ Super Huey ရဟတ်ယာဉ်သည် ဘက်စုံသုံးရဟတ်ယာဉ်တစ်စင်းဖြစ်သည်။ ထိုရဟတ်ယာဉ်များကို အထူးသဖြင့် ဝေးလံခေါင်သီသော သို့မဟုတ် ရာသီဥတုဒဏ်ခံရသော ဒေသများတွင် စစ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြောင်း သိရသည်။ (Xinhua)
…………………………………….
(English Version)
6 bodies found at military helicopter crash site in S. Philippines
MANILA, Nov. 4 (Xinhua) — Philippine military troops have retrieved the bodies of six Philippine Air Force personnel on board a Super Huey helicopter that crashed in Agusan del Sur province in the southern Philippines on Tuesday, the Philippine Air Force (PAF) said.
PAF spokesperson Colonel Ma. Christina Basco told media that soldiers recovered the remains of the two pilots and four crew members.
“The Army recovered the six bodies at the crash site. There were six, not five as initially reported,” said Basco.
The aircraft was among four helicopters dispatched to assess the effects of Typhoon Kalmaegi, which has left at least 26 people dead in the Philippines as of Tuesday.
In a statement late Tuesday, the Armed Forces of the Philippines’ Eastern Mindanao Command also said that “the search and rescue operations have led to the recovery of six bodies believed to be those of the pilot and crew members of the ill-fated Super Huey helicopter.”
Super Huey is a utility helicopter. These aircraft are widely used for military, search-and-rescue, and disaster-relief operations, especially in remote or weather-affected areas. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.