Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ကော်ဖီတင်ပို့မှုမှ ဒေါ်လာ ၇.၄ ဘီလီယံ ဝင်ငွေရရှိ

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပြုလုပ်သည့် ဗီယက်နမ်နိုင်ငံတကာကော်ဖီပြပွဲ ၂၀၁၈ သို့ လာရောက် လည်ပတ်သူများကို ၂၀၁၈ ခုနှစ် မေ ၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟနွိုင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုမှ ယခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၇.၄၁ ဘီလီယံ ရရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၆၁.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီက နိုဝင်ဘာ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။အဆိုပါကာလအတွင်း ကော်ဖီတင်ပို့မှုသည် ၁၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန် ၁.၃ သန်းအထိရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ဂျာမနီ၊ အီတလီနှင့် စပိန်နိုင်ငံများသည် ဗီယက်နမ်ကော်ဖီကို အဓိကတင်သွင်းသည့်နိုင်ငံများဖြစ်ပြီး စျေးကွက်စုစုပေါင်း၏ ၁၃.၄ ရာခိုင်နှုန်း၊ ၇.၈ ရာခိုင်နှုန်းနှင့် ၇.၄ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
ဇန်နဝါရီမှ အောက်တိုဘာအထိ ကော်ဖီပို့ကုန် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်‌ဒေါ်လာ ၅,၆၅၃ အထိ ရောက်ရှိခဲ့ကြောင်း ဒေသတွင်းနေ့စဥ်သတင်းစာ Kinh Te & Do Thi က ဖော်ပြခဲ့သည်။ (Xinhua)
……….
(English Version)
Vietnam earns 7.4 bln USD from coffee exports in 10 months
HANOI, Nov. 5 (Xinhua) — Vietnam’s coffee exports brought in 7.41 billion U.S. dollars in the first 10 months of this year, up 61.8 percent year-on-year, Vietnam News Agency reported on Wednesday, citing the Ministry of Agriculture and Environment.
During the period, coffee exports rose 13.5 percent in volume to 1.3 million tons, the report said.
Germany, Italy and Spain were the three largest importers of Vietnamese coffee, accounting for 13.4 percent, 7.8 percent and 7.4 percent of the total market share, respectively.

The average coffee export price reached 5,653 U.S. dollars per ton from January to October, the local daily Kinh Te & Do Thi reported.
Photo : People visit the Vietnam International Cafe Show 2018 in Ho Chi Minh City, Vietnam, on May 4, 2018. (Xinhua/Hoang Thi Huong)