Asia
တရုတ်နိုင်ငံ၏ တောင်ကိုရီးယား ဗီဇာကင်းလွတ်ခွင့်ကြောင့် Korean Air တရုတ်လေကြောင်းခရီးစဉ် ခရီးသည်အရေအတွက် သိသိသာသာတိုးလာ
ဆိုးလ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ယခုနှစ် တရုတ်လေကြောင်းခရီးစဉ်တွင် စီးနင်းလိုက်ပါသော ခရီးသည်အရေအတွက်သည် ယမန်နှစ်ကာလထက် သိသိသာသာတိုးလာကြောင်း တောင်ကိုရီးယား လေကြောင်းလိုင်းကုမ္ပဏီဖြစ်သော Korean Air က ဒီဇင်ဘာ ၁၁ ရက်တွင် တရားဝင်ဝက်ဘ်ဆိုက်၌ ထုတ်ပြန်ခဲ့သော “၂၀၂၅ ခုနှစ် နှစ်ကုန်ငွေစာရင်းရှင်းခြင်း” အစီရင်ခံစာတွင် ဖော်ပြထားသည်။
ယခုနှစ်တရုတ်လေကြောင်းခရီးစဉ်တွင် စီးနင်းလိုက်ပါသော ခရီးသည်အရေအတွက်သည် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက သိသိသာသာတိုးလာကြောင်း Korean Air ထုတ်ပြန်သော ဤအချက်အလက်များက ပြသနေသည်။ ရှန်ဟိုင်းမြို့သည် အလွန်ရေပန်းစားသော တရုတ်နိုင်ငံ ခရီးသွားနေရာဖြစ်လာပြီး တောင်ကိုရီးယားမှ ရှန်ဟိုင်းသို့ ပြေးဆွဲသောလေကြောင်းခရီးစဉ်တွင် စီးနင်းလိုက်ပါသော ခရီးသည်အကြိမ်ရေသည် ယမန်နှစ်ကာလတူထက် ၁၂၈,၀၀၀ တိုးလာခဲ့ကြောင်း၊ ပေကျင်းလေကြောင်းခရီးစဉ်တွင် စီးနင်းလိုက်ပါသော ခရီးသည်အကြိမ်ရေ ၇၁,၀၀၀ နှင့် ချင်းသောင်ခရီးစဉ်များတွင် ခရီးသည်အကြိမ်ရေ ၆၃,၀၀၀ တိုးလာကာ နှစ်ခုစလုံးသည် ယမန်နှစ်ကာလတူထက် သိသိသာသာတိုးလာကြောင်း ပြသခဲ့သည်။

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လုကျားကျွေ၊ The Bund ကမ်းနား၊ မြောက်ဘက်ကမ်းနားတို့၏ ညအလှရှုခင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံဖော်ဆောင်သော ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် တောင်ကိုရီးယားမှ တရုတ်နိုင်ငံသို့ ပြေးဆွဲသော လေကြောင်းခရီးစဉ်များတွင် စီးနင်းလိုက်ပါသော ခရီးသည်အရေအတွက် သိသိသာသာ တိုးလာရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း Korean Air က ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
Korean Air ၏ ယခုနှစ် နိုင်ငံတကာလေကြောင်းခရီးစဉ် ပို့ဆောင်ခဲ့သော ခရီးသည်အကြိမ်ရေမှာ ၁၆.၄၉ သန်းရှိကြောင်း Korean Air ၏ အချက်အလက်များအရ သိရသည်။ ဤနှစ်ကုန်စာရင်းရှင်းတွက်ချက်မှု အစီရင်ခံစာသည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ နိုင်ငံတကာလေကြောင်းခရီးစဉ်တွင် စီးနင်းလိုက်ပါမှု အချက်အလက်များကို အခြေခံကာ စုစည်းထားခြင်းဖြစ်သည်။ (Xinhua)
……………………..
(Chinese Version)
对韩免签带动大韩航空中国航线乘客显著增长
新华社首尔12月11日电(记者张粲 孙一然)韩国航空公司大韩航空11日在官网发布的《2025年年终结算》显示,今年中国航线乘客同比出现显著增长。
大韩航空发布的这一资料显示,今年中国航线乘客较去年同期大幅增加。上海成为最受关注的中国旅行目的地,从韩国飞往上海的航线乘客数同比增加12.8万人次。北京航线乘客增加7.1万人次,青岛增加6.3万人次,均较去年显著增加。
大韩航空告诉新华社记者,中国实施的免签政策是促使韩国至中国航线乘客人数显著增长的重要原因。
大韩航空资料显示,大韩航空今年国际航线旅客运输量为1649万人次。此次年终结算是基于今年1月1日至11月10日的国际航线搭乘数据汇总而成。(完)
图说1:12月28日,韩国游客文鉉堣(左后)一家在上海外滩合影。他们在圣诞节来到上海并计划游玩5天。新华社记者 王翔 摄
图说2:4月30日拍摄的陆家嘴、外滩、北外滩夜景。新华社记者 王翔 摄
