Asia
ထိုင်းနှင့် ကမ္ဘောဒီယားတို့က ဒီဇင်ဘာ ၁၂ ရက်ညနေမှ စတင်၍ အပစ်အခတ်အားလုံး ရပ်စဲရန် သဘောတူညီလိုက်ပြီဟု ထရမ့်ဆို
ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့သည် ဒီဇင်ဘာ ၁၂ ရက်ညနေမှ စတင်၍ အပစ်အခတ်အားလုံး ရပ်စဲရန် သဘောတူညီလိုက်ကြပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။
“ကျွန်တော် ဒီမနက် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူးလ်၊ ကမ္ဘောဒီယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မာနက်တို့နဲ့ သူတို့နှစ်နိုင်ငံရဲ့ ကာလရှည်ကြာစစ်ပွဲ သိပ်ကို ကံမကောင်းအကြောင်းမလှစွာနဲ့ ပြန်လည်နိုးထ အသက်ဝင်လာတဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး စကားကောင်းကောင်း ပြောဖြစ်ခဲ့ပါတယ်” ဟု ထရမ့်က ယင်းနှစ်နိုင်ငံစလုံးမှာ ငြိမ်းချမ်းရေးအတွက် အသင့်ဖြစ်နေကြောင်းပါ ထည့်သွင်းလျက် Truth Social ၌ ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ဇူလိုင်လနှောင်းပိုင်းက လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုင်း-ကမ္ဘောဒီယားနယ်စပ်ပဋိပက္ခမှာ ဒီဇင်ဘာ ၇ ရက် နေ့လယ်၌ ပြန်လည်စတင်ခဲ့သည်။ တိုက်ခိုက်မှုစတင်ခြင်းနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက အပြန်အလှန်စွပ်စွဲခဲ့ကြပြီး ထိခိုက်သေဆုံးသူများရှိကြောင်းလည်း အတည်ပြုခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံနှင့် ယခုနောက်ဆုံးဖြစ်ပွားသည့် နယ်စပ်ပဋိပက္ခများကြောင့် ထိုင်းစစ်သား ကိုးဦး ကျဆုံးခဲ့ပြီး အခြား ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြကာ ထိုင်းအရပ်သားဦးရေ ၂၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ကြရကြောင်း ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Surasant Kongsiri က ဒီဇင်ဘာ ၁၁ ရက်၌ ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက်နေ့လယ်အထိ နယ်စပ်တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရသည့် ကမ္ဘောဒီးယားပြည်သူအရေအတွက်မှာ ၃၀၀,၀၀၀ ကျော်သို့ မြင့်တက်လာခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………..
(English Version)
Thailand, Cambodia have agreed to cease all shooting effective Friday evening: Trump
WASHINGTON, Dec. 12 (Xinhua) — U.S. President Donald Trump said Friday on social media that Thailand and Cambodia have agreed to cease all shooting effective Friday evening.
“I had a very good conversation this morning with the Prime Minister of Thailand, Anutin Charnvirakul, and the Prime Minister of Cambodia, Hun Manet, concerning the very unfortunate reawakening of their long-running War,” Trump said on Truth Social, adding that both countries are ready for peace.
Following armed clashes in late July, the Thailand-Cambodia border conflict reignited on Sunday afternoon. Both sides accused each other of initiating the attack and confirmed casualties.
Thai Defense Ministry spokesperson Surasant Kongsiri said Thursday that the latest border clashes with Cambodia have left nine Thai soldiers dead, more than 120 people injured, and nearly 200,000 Thai civilians displaced.
As of Friday afternoon local time, the number of Cambodian evacuees from the border fighting has risen to more than 300,000, the Cambodian Ministry of Interior said in a press release. ■
English Caption
Cambodian evacuees from Cambodia-Thai border conflict gather at a refuge in Oddar Meanchey province, Cambodia, July 26, 2025. (Photo by Sao Khuth/Xinhua)
