Connect with us

Asia

ထိုင်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကမ္ဘောဒီးယား စစ်ရေးပစ်မှတ်နှစ်ခုအား ချေမှုန်းနိုင်ခဲ့

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၏ အမှတ်-၁ စစ်ဒေသကွပ်ကဲမှုဌာနချုပ် လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ထိုင်းတော်ဝင်လေတပ်နှင့် ပေါင်းစပ်ညှိနှိုင်းလျက် ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းရှိ စစ်ရေးပစ်မှတ်နှစ်ခုအား ဒေသစံတော်ချိန် ၁၆း၀၉ နာရီ၌ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကမ္ဘောဒီးယား၏ လက်နက်ခဲယမ်းသိုလှောင်ရုံများအပြင် လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့် ဆက်သွယ်ရေးစနစ်များကိုလည်း အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ကြောင်း အဆိုပါ စစ်ဒေသကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာ ၁၃ ရက်၌ ဆိုရှယ်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ထိုင်းတော်ဝင်ရေတပ် ပြောရေးဆိုခွင့်ရှိသူကလည်း ရေတပ်စစ်ရေယာဉ်စုများက ဒေသစံတော်ချိန် နံနက်အစောပိုင်းတွင် ထိုင်းပင်လယ်ကွေ့၌ စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့သည်ဟု ထိုနေ့၌ပင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ကာကုံပြည်နယ် အနီးဝန်းကျင်၌ ကမ္ဘောဒီးယား၏ စစ်ရေးစွမ်းရည်များကို ထိန်းချုပ်ရန်နှင့် အားလျော့သွားစေရန်၊ ထိုင်းပင်လယ်ကွေ့ ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်လျက် ယင်းကဲ့သို့ စစ်ဆင်ရေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သီးခြားအနေဖြင့် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အခြေအနေနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့် ကျန်းမာရေးဌာန တာဝန်ရှိသူတို့က နှစ်နိုင်ငံကြား လတ်တလောဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်းစစ်သည် ၁၅ ဦး သေဆုံးကာ အခြားသူ ၂၇၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းအထိ ထိုင်းနိုင်ငံဘက်တွင် အရပ်သား ၂၆၀,၀၀၀ ကျော်မှာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရကာ အရပ်သား ၇ ဦးသေဆုံးကြောင်း အတည်ပြုထားသည်ဟု သိရသည်။ (Xinhua)
#Thailand #Cambodia #Airstrike #ထိုင်း #ကမ္ဘောဒီးယား #လေကြောင်းတိုက်ခိုက်မှု
………………………………………………………..
(English Version)
Thai military destroys 2 Cambodian military targets via airstrike
BANGKOK, Dec. 13 (Xinhua) — Thailand’s 1st Army Area Command said in a social media post on Saturday that its subordinate troops, in coordination with the Royal Thai Air Force, launched airstrikes against two Cambodian military targets at 16:09 local time, successfully destroying Cambodia’s weapons and ammunition depots as well as air defense and communication systems.
A Royal Thai Navy spokesperson stated on the same day that naval fleets had carried out a military operation in the Gulf of Thailand in the early hours of the morning. The operation aimed to degrade and contain Cambodia’s military capabilities in the vicinity of Koh Kong Province and safeguard the lives and property of residents along the Gulf of Thailand coast.
Separately, at a press conference on the Thailand-Cambodia border situation held on Saturday, a spokesperson for Thailand’s Ministry of Defense and a health official reported that the latest round of clashes between the two countries has left 15 Thai soldiers dead and more than 270 others wounded.
As of Saturday morning, over 260,000 Thai civilians had taken shelter in refugee camps, with seven civilians confirmed dead.
English Caption 1
This screen image shows Thai Defense Ministry spokesperson Surasant Kongsiri speaking at a press briefing on Dec. 11, 2025. (Xinhua/Sun Weitong)
English Caption 2
Cambodian civilians flee their homes near border with Thailand for a safe shelter in Siem Reap province, Cambodia on Dec. 8, 2025. (Agence Kampuchea Presse/Handout via Xinhua)