Asia
အင်ဒိုနီးရှားနိုင်ငံ တွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူဦးရေ ၉၆၁ ဦးအထိ မြင့်တက်
ဂျကာတာ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အာချေး၊ မြောက်ဆူမတြားနှင့် အနောက်ဆူမတြား ပြည်နယ် ၃ ခုတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၉၆၁ ဦးရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ (BNPB) က ဒီဇင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ပူးတွဲရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် ထိုနေ့တွင် သေဆုံးသူရုပ်အလောင်း ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ လက်ရှိအချိန်အထိ အာချေး၊ မြောက်ဆူမတြားနှင့် အနောက်ဆူမတြားတို့တွင် သေဆုံးသူဦးရေမှာ ၃၈၉ ဦး၊ ၃၃၈ ဦးနှင့် ၂၃၄ ဦးအထိ အသီးသီး မြင့်တက်လာခဲ့ကြောင်း BNPB ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကိန်းဂဏန်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးစင်တာ အကြီးအကဲ Abdul Muhari က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ၂၉၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးသမားများသည် အစွမ်းကုန် ရှာဖွေလျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ သဘာဝဘေးကြောင့် လူပေါင်း ၄၂,၀၀၀ ဒဏ်ရာရရှိခဲ့ပြီး အများပြည်သူဆိုင်ရာ အဆောက်အအုံ နေရာ ၁,၃၀၀ နှင့် တံတား ၄၀၅ စင်း ပျက်စီးခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုသည် ဒီဇင်ဘာ ၇ ရက် အာချေးပြည်နယ်တွင် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ အထူးအစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး အစိုးရအနေဖြင့် မဖြစ်မနေ လျင်မြန်၊ တိကျပြီး စဉ်ဆက်မပြတ်ဖြစ်သော လှုပ်ရှားမှုများ ချမှတ်လုပ်ဆောင်ရမည်ဖြစ်ပြီး သဘာဝဘေးသင့်ပြည်သူများ ဘေးကင်းရေးကို သေချာစေကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ပိုမိုလျင်မြန်စွာ ဖြန့်ဖြူးပေးရန်၊ အများပြည်သူလုံခြုံရေး တည်ငြိမ်မှုကို သေချာစေရန်နှင့် သဘာဝဘေးသင့်ဒေသများအကြား ပြတ်တောက်သွားသော သယ်ယူပို့ဆောင်ရေးကို ပြန်လည်ကောင်းမွန်စေရန် လုပ်ဆောင်ရမည်ကြောင်း အလေးပေးပြောကြားခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
印尼洪灾遇难人数升至961人
新华社雅加达12月8日电(记者陶方伟)印度尼西亚国家抗灾署8日通报说,亚齐、北苏门答腊和西苏门答腊三省近期发生的洪水和山体滑坡已造成961人遇难。
国家抗灾署灾情数据、信息与通信中心负责人阿卜杜勒·穆哈里在新闻发布会上说,联合搜救队当天找到40具遇难者遗体。截至目前,亚齐、北苏门答腊和西苏门答腊三省死亡人数已分别升至389人、338人和234人。
他说,目前仍有293人失踪,搜救队正全力搜寻。截至目前,灾害已造成4200人受伤,1300处公共设施及405座桥梁受损。
印尼总统普拉博沃7日在亚齐省灾区主持灾害应对和恢复专题会议,强调政府必须迅速、准确、持续采取行动,确保受灾民众安全并加快恢复进程,尤其要加快物资分发、确保治安稳定以及恢复受灾地区间中断的交通。(完)
图说:11月29日,在印度尼西亚西苏门答腊省巴东帕里亚曼,救援人员搬运遇难者遗体。新华社发(安德里·马迪安赛亚摄)
