Connect with us

Asia

သီရိလင်္ကာနိုင်ငံတွင် ကျောင်းနေကလေးများအတွက် နေ့စဉ် ကာယကြံ့ခိုင်မှုအစီအစဉ်များ လုပ်ဆောင်မည်

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်နေသည့် ကျောင်းသား များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၅ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ကိုလံဘို၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားရေး ပဏာမခြေလှမ်းသစ် တစ်ရပ်အဖြစ် စာသင်ကျောင်းများ၌ ကျောင်းနေအရွယ်ကလေးများအားလုံးကို နေ့စဉ် အားကစား လေ့ကျင့်ခန်းအစီအစဉ်များ စတင်လုပ်ဆောင်စေမည်ဖြစ်ကြောင်း သီရိလင်္ကာ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ဩဂုတ် ၂၃ ရက်၌ ပြောကြားမှုအရ သိရသည်။သီရိလင်္ကာဝန်ကြီးချုပ် ဟာရီနီ အမရာဆူရိယက ကြီးမှူးကျင်းပသည့် အားကစားဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ပြုလုပ်သော အစည်းအဝေးပြီးနောက် အဆိုပါဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း လေ့ကျင့်သင်ကြားရေးနှင့် အဆင့်မြင့်ပညာရေး ဒုတိယဝန်ကြီး မက်ဒူရာ ဆီနီဗီယာသနက သတင်း ထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဒူရာ ဆီနီဗီယာသနက ယခုအစီအစဉ်ကို မိတ်ဆက်ရခြင်းမှာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများ မြင့်တက်လာသည့်အတွက် တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ကလေးများအကြား မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုများ ပိုမိုပျံ့နှံ့လာခြင်းကြောင့်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနနှစ်ခုက ပူးပေါင်းကော်မတီတစ်ရပ်ထူထောင်ကာ ကျောင်းအားကစား အစည်းအရုံးများနှင့် နိုင်ငံအဆင့် အားကစားအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါကော်မတီက နည်းပြများလုံလောက်မှုမရှိခြင်းနှင့် ကလေးများ အားကစားလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်လုပ်ဆောင်နိုင်ရေးအတွက် သေချာစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
သီရိလင်္ကာကျန်းမာရေးတာဝန်ရှိသူများ၏ ဇွန်လအတွင်း၌ ထုတ်ပြန်ခဲ့မှုအရ ကျောင်းနေ ကလေးငယ်များအကြား မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုများ မြင့်တက်လာနေကြောင်း၊ ယင်းအတွက်ကြောင့် ကြိုတင်ကာကွယ်ရေးအစီအမံများ လိုအပ်နေသည်ကို အလေးပေး ထောက်ပြခဲ့ကြောင်း သိရသည်။ (Xinhua)
———————–
(English Version)
Sri Lanka to launch daily fitness program for schoolchildren
COLOMBO, Aug. 23 (Xinhua) — Sri Lanka’s education ministry will introduce daily physical fitness programs for all schoolchildren as part of a new initiative to improve student health, an official said on Saturday.
Deputy Minister of Education and Higher Education Madhura Senevirathna told reporters that the decision was made during a meeting with officials of the sports ministry chaired by Prime Minister Harini Amarasuriya.
He said the program was introduced in response to growing health concerns, particularly the rising prevalence of non-communicable diseases among children.
According to Senevirathna, the two ministries will also form a joint committee to coordinate between school sports associations and national sports bodies. The committee will work to address shortages of coaches and ensure the continuity of sports activities for children.
In June, Sri Lankan health authorities reported an increase in cases of non-communicable diseases among school-aged children, underscoring the need for preventive measures.
Photo:
Students walk to their school in Colombo, Sri Lanka, July 25, 2022. (Xinhua/Wang Shen)