Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့်လေ့လာရေးအဖွဲ့ သွားရောက်စစ်ဆေး

ကမ္ဘောဒီးယားနိုင်ငံ အော့ဒါမင်ချေးပြည်နယ်တွင် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခမှ ထွက်ပြေးတိမ်းရှောင်လာသည့် ကမ္ဘောဒီးယား နေရပ်စွန့်ခွာသူများအတွက် ယာယီခိုလှုံရေးစခန်းတစ်ခုအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဩဂုတ် ၃ ရက် (ဆင်ဟွာ)

အပစ်အခတ်ရပ်စဲမှု ရရှိခဲ့ပြီးနောက် ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ရှိ ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသများသို့ အာဆီယံ ယာယီ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု က‌မ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂ ရက်၌ ပြောကြားခဲ့သည်။အဆိုပါအဖွဲ့၌ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ စစ်သံမှူးနှင့် ဗီယက်နမ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ လက်ထောက်စစ်သံမှူးများလည်း ပါဝင်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန Undersecretary of State နှင့် ပြောရေးဆိုခွင့်ရှိသူ မာလီ ဆိုချီတာက ဆိုသည်။

“ကမ္ဘောဒီးယားနိုင်ငံဟာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှုကို လေ့လာစောင့်ကြည့်ဖို့အတွက် မလေးရှားနိုင်ငံက ဦးဆောင်တဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေပါတယ်” ဟု ဆိုချီတာက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ နယ်စပ်ဒေသများတွင် ဇူလိုင် ၂၄ ရက်က နှစ်ဖက်တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်၌ ခြွင်းချက်မရှိ ချက်ချင်းအပစ်အခတ်ရပ်စဲရန် နှစ်နိုင်ငံ သဘောတူညီမှုရရှိခဲ့ပြီး ယင်းနေ့ ညသန်းခေါင်ယံမှစ၍ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်ခဲ့ကြောင်း သိရသည်။ (Reposted from Xinhua)
……………………………………………………………………..
(English Version)
ASEAN interim observer group inspects conflict-hit areas on Cambodia-Thailand border
PHNOM PENH, Aug. 3 (Xinhua) — An ASEAN interim observer group has inspected conflict-affected areas on the Cambodia-Thailand border after a ceasefire was reached, a Cambodian defense spokesperson said on Saturday.
The group included military attaché of Malaysia, the current chair of ASEAN, as well as Vietnamese and Philippine assistant military attachés, said Cambodian Defense Ministry’s Undersecretary of State and Spokesperson Maly Socheata.
“Cambodia stands ready to cooperate with the observation group led by Malaysia to monitor the implementation of the ceasefire,” Socheata said.
On July 24, armed clashes erupted between Cambodian and Thai soldiers in border areas. The two countries agreed on an immediate and unconditional ceasefire on July 28, taking effect at midnight of the same day.■
English Caption
This photo taken on July 29, 2025 shows a refuge for Cambodian evacuees from the Cambodia-Thailand border conflict in Oddar Meanchey province, Cambodia. (Photo by Van Pov/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.