Asia
ထိုင်းဘုရင်က အနူတင် ချန်ဗီရာကူးလ်အား ဝန်ကြီးချုပ်သစ်အဖြစ် အတည်ပြု

ဘန်ကောက်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းက အနူတင် ချန်ဗီရာကူးလ်အား ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် စက်တင်ဘာ ၇ ရက်က အတည်ပြုခန့်အပ်ခဲ့ကြောင်း အောက်လွှတ်တော် အထွေထွေအတွင်းရေးမှူး အာပါ့သ် ဆူခါနွန့်က ကြေညာခဲ့သည်။အနူတင်အနေဖြင့် စက်တင်ဘာ ၅ ရက် ပါလီမန်မဲခွဲဆုံးဖြတ်မှု၌ ထောက်ခံမဲအများစုကို ရရှိခဲ့သဖြင့် ၎င်းအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည့် တော်ဝင်အမိန့်ပြန်တမ်းအား Bhumjaithai ပါတီ ရုံးချုပ်တွင် ပြုလုပ်သည့် အခမ်းအနား၌ အာပါ့သ်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
အနူတင်က မိမိ၏ အစိုးရသစ်အနေဖြင့် အလုပ်တာဝန်များကို မမောနိုင်မပန်းနိုင် ထမ်းဆောင်သွားမည်ဟု အပြည့်အဝ သန္နိဋ္ဌာန်ပြုထားပြီး တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရာတွင် ကန့်သတ်ချက်အချို့ ရှိနေသော်လည်း ထိုင်းပြည်သူများ လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းများမှ လျင်လျင်မြန်မြန် ကျော်လွှားနိုင်ရေးအတွက် ကူညီပေးရန် မမှိတ်မသုန် စိတ်နှစ်မြှုပ်ကာ ကြိုးပမ်းသွားမည်ဟု ဝန်ကြီးချုပ်အဖြစ် ပထမဆုံးအကြိမ် တရားဝင်ပြောကြားခဲ့သည့် မိန့်ခွန်း၌ အနူတင်က ပြည်သူများအား ကတိပြုခဲ့သည်။
၎င်း၏အစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှုရှိရေးကို တက်တက်ကြွကြွ မြှင့်တင်အားပေးကာ ဥပဒေ လုပ်ထုံးလုပ်နည်းများကို သင့်လျော်၍ ထိရောက်မြန်ဆန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ တရားရေးစနစ်ဟူသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာ ဥပဒေများတွင် ပြဋ္ဌာန်းထားသော ယန္တရားများနှင့်အညီ အမှီအခိုကင်းစွာ အာဏာသက်ရောက်မှု ရှိရမည်ဖြစ်ကြောင်း အနူတင်က ဆိုသည်။
“ကျွန်တော်တို့ အစိုးရဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသွားဖို့ ရည်မှန်းထားပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေသစ် မူကြမ်းရေးဆွဲရေးကို လမ်းဖွင့်ပေးသွားမှာပါ” ဟု ၎င်းက ပြောကြားခဲ့ပြီး ရာထူးတာဝန် စတင်ထမ်းဆောင်ပြီးနောက် သဘောတူထားသည့် သတ်မှတ်ကာလဖြစ်သော အချိန်လေးလအတွင်း ပါလီမန်အား ဖျက်သိမ်းရန် ရည်ရွယ်ထားသည်ဟု အတည်ပြုခဲ့သည်။
ကဏ္ဍအသီးသီးမှ ထောက်ခံအားပေးမှုကို ရရှိနေသည်ဟု ယုံကြည်ကြောင်း၊ ၎င်း၏ အစိုးရအနေဖြင့် လာမည့် အစိုးရအတွက် ခိုင်ခိုင်မာမာ အုတ်မြစ်ချပေးရန် ရည်မှန်းထားပြီး ပြည်သူများ၏ လူမှုဘဝဖူလုံမှု၊ တည်ငြိမ်မှုနှင့် သာယာဝပြောမှု ရေရှည်တည်တံ့ရေး သေချာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဘုရင်၏ အတည်ပြုထောက်ခံမှုကြောင့် အစိုးရသစ် တရားဝင် စတင်တာဝန်မယူမီ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများဖြစ်သည့် အစိုးရဖွဲ့ခြင်းနှင့် ပါလီမန်၌ မူဝါဒရေးရာ မိန့်ခွန်းပြောကြားခြင်းတို့အတွက် လမ်းပွင့်သွားခဲ့ခြင်းဖြစ်သည်။
Bhumjaithai ပါတီ ခေါင်းဆောင်ဖြစ်သူ အသက် ၅၈ နှစ်အရွယ် အနူတင်မှာ ယခင်အစိုးရများတွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ပြည်ထဲရေးဝန်ကြီး၊ ပြည်သူ့ကျန်းမာရေးဝန်ကြီး တာဝန်များကိုလည်း ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………………………….
(English Version)
Thai King endorses Anutin Charnvirakul as new PM
BANGKOK, Sept. 7 (Xinhua) — Thailand’s King Maha Vajiralongkorn endorsed Anutin Charnvirakul as the country’s new prime minister on Sunday, Secretary-General of the House of Representatives Arpath Sukhanunth announced.
In a ceremony held at the Bhumjaithai Party headquarters, Arpath read out the royal command appointing Anutin as premier, as he received majority support in the parliamentary vote on Friday.
In his first official speech as prime minister, Anutin assured the public that his new government was fully committed to working tirelessly and with steadfast dedication to help Thailand swiftly overcome its current crises, despite several constraints in fulfilling duties.
Anutin said his administration would actively promote transparency and expedite legal proceedings where appropriate, emphasizing that the justice system must operate independently, in accordance with mechanisms outlined in the constitution and relevant laws.
“My government aims to amend the constitution, clearing the way for drafting a new charter through the prescribed legal process,” he said, affirming the intention to dissolve parliament within the agreed timeframe of four months after taking office.
The prime minister expressed confidence in gaining support from all sectors, stating that his administration aimed to lay a strong foundation for the next government to build upon, ensuring the people’s well-being, stability, and enduring prosperity.
The royal endorsement paves the way for cabinet formation and policy address to the parliament, a formality required before the new government officially assumes office.
Anutin, the 58-year-old Bhumjaithai Party leader, has served as deputy prime minister in several administrations and held ministerial portfolios for interior and public health. Enditem
English Caption 1
Thailand’s new Prime Minister Anutin Charnvirakul gives a speech after receiving the royal endorsement for the post in Bangkok, Thailand, Sept. 7, 2025. (Xinhua/Rachen Sageamsak)
English Caption 2
Thailand’s new Prime Minister Anutin Charnvirakul pays respect to a portrait of King Maha Vajiralongkorn after receiving the royal endorsement for the post in Bangkok, Thailand, Sept. 7, 2025. (Thai Government House/Handout via Xinhua)
English Caption 3
Thailand’s new Prime Minister Anutin Charnvirakul greets officials after receiving the royal endorsement for the post in Bangkok, Thailand, Sept. 7, 2025. (Thai Government House/Handout via Xinhua)