Connect with us

Asia

ထိုင်းနိုင်ငံတွင် လူသေဆုံးစေခဲ့သော မတော်တဆမှုအတွက် တရုတ်နိုင်ငံက ဝမ်းနည်းကြောင်း ဖော်ပြ

ပေကျင်း၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတွင် ရထားတစ်စင်းက ဆောက်လုပ်ရေးကရိန်းတစ်ခုနှင့် တိုက်မိခြင်းကြောင့် ထိခိုက်သေဆုံးသူများအတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့လိုက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြို့တော်ပေကျင်းတွင် ဇန်နဝါရီ ၁၄ ရက်၌ ပြောကြားခဲ့သည်။ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်ရတ်ချစီမာပြည်နယ်တွင် ခရီးသည်တင်ရထားတစ်စင်းသည် လဲပြိုကျသွားသော ဆောက်လုပ်ရေးကရိန်းတစ်ခုနှင့် ဇန်နဝါရီ ၁၄ ရက်က တိုက်မိပြီးနောက် လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

“ကျွန်မတို့က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့ပြီး အဆိုပါမတော်တဆမှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………
(English Version)
China expresses condolences after fatal Thailand accident: FM spokesperson
BEIJING, Jan. 14 (Xinhua) — China sends its sympathies to the casualties in Thailand caused by a train colliding with a construction crane, a Chinese foreign ministry spokesperson said in Beijing on Wednesday.
According to reports, at least 22 people were killed and 55 others injured after a passenger train collided with a collapsed construction crane in northeastern Thailand’s Nakhon Ratchasima province on Wednesday.
“We are closely following the situation,” spokesperson Mao Ning told a regular press briefing, adding that the cause of the accident is still under investigation. ■