Asia
ဂျပန်တို့၏ သိမ်းပိုက်အုပ်ချုပ်မှုအတွင်း သေဆုံးခဲ့သည့် အရပ်သားများအတွက် အောက်မေ့ဖွယ် အခမ်းအနားကို စင်ကာပူနိုင်ငံတွင် ကျင်းပ
စင်ကာပူ၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တို့၏ သိမ်းပိုက်အုပ်ချုပ်မှုအတွင်း သေဆုံးခဲ့ရသည့် အရပ်သားများအား အောက်မေ့ဂါရဝပြုသည့် အထိမ်းအမှတ် အခမ်းအနားကို စင်ကာပူနိုင်ငံတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့ရာ မြို့လယ်နေရာ၌ ပြုလုပ်သည့် နှစ်စဉ်ပြုလုပ်မြဲ အခမ်းအနားသို့ ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့ကြသည်။စင်ကာပူနိုင်ငံ တရုတ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဗဟိုအမျိုးသား အသိပညာပေးရေးရုံးတို့က စီစဉ်သည့် အဆိုပါ အခမ်းအနားအား Beach Road လမ်းရှိ စစ်အတွင်း သေဆုံးခဲ့သည့် အရပ်သားများအတွက် အထိမ်းအမှတ်ကျောက်တိုင် (Civilian War Memorial) ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခမ်းအနားသို့ အစိုးရ၊ စစ်ဘက်နှင့် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချောင်ကျုံးမင်စသည့် သံတမန်များအပြင် စစ်ပြန်ပုဂ္ဂိုလ်များ၊ ထိခိုက်ခံစားခဲ့ရသူများ၏ ဆွေမျိုးသားချင်းများနှင့် ကျောင်းသား၊ ကျောင်းသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တို့၏ သိမ်းပိုက်အုပ်ချုပ်မှုအတွင်း သေဆုံးခဲ့ရသည့် အရပ်သားများအား အောက်မေ့ဂါရဝပြုသည့် အထိမ်းအမှတ် အခမ်းအနား၌ စစ်ပြန်ကိုယ်စားလှယ်များ အလေးပြုနေပုံကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထိုအခမ်းအနားမှာ စင်ကာပူနိုင်ငံ၏ Total Defense Day နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။ အဆိုပါ အခမ်းအနား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဥသြဆွဲပြီးနောက် လွမ်းသူ့ပန်းခွေချခဲ့ကာ အခမ်းအနား တက်ရောက်သူများက တစ်မိနစ်ကြာ ငြိမ်သက်ခဲ့ကြသည်။”သိပ်ကိုကြီးမားတဲ့ ပင်ပန်းဆင်းရဲမှုတွေ၊ အတိဒုက္ခတွေကို ရင်ဆိုင်ခဲ့ရတဲ့ အချိန်ကာလတစ်ခုပါ” ဟု စင်ကာပူ ပညာရေးဝန်ကြီး ဒက်စ်မွန်လီက ၎င်း၏မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကာ လူထောင်ပေါင်းများစွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသလို စစ်စခန်းများ တည်ဆောက်ရာတွင် လူထောင်နှင့်ချီ အဓမ္မ အလုပ်စေခိုင်းခံခဲ့ရပြီး မိသားစုအများအပြားမှာ အစာငတ်မွတ်မှု သို့မဟုတ် ကွပ်မျက်ခံရမှုတို့ကြောင့် ၎င်းတို့ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသည်ဟု ဆက်လက်ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီလို နာကျင်စရာကောင်းတဲ့ အတိတ်သမိုင်းကို မေ့ပျောက်နိုင်မှာမဟုတ်သလို မေ့ပျောက်ပစ်လို့လည်းမရပါဘူး။ မေ့ပျောက်သွားမှာလည်း မဟုတ်ပါဘူး” ဟု လီက ဆိုသည်။စင်ကာပူနိုင်ငံသည် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၌ ကျူးကျော်သူ ဂျပန်စစ်တပ်၏လက်အောက်သို့ ကျရောက်ခဲ့ကာ သုံးနှစ်ကျော်ကြာ သိမ်းပိုက်အုပ်ချုပ်ခြင်းခံခဲ့ရသည်။ ထိုကာလအတွင်း ဂျပန်တပ်များ၏ လက်ချက်ဖြင့် စင်ကာပူ တရုတ်လူမျိုး ၅၀,၀၀၀ ထက်မနည်း သေဆုံးခဲ့သည်ဟု သမိုင်းပညာရှင်များက ခန့်မှန်းထားသည်။
၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၌ စင်ကာပူနိုင်ငံက စစ်အတွင်း သေဆုံးခဲ့သည့် အရပ်သားများအတွက် အထိမ်းအမှတ်ကျောက်တိုင်အား ဖွင့်လှစ်ခဲ့ကာ ယင်းနေ့အား Total Defense Day အဖြစ် သတ်မှတ်ခဲ့သည်။ ထိုအချိန်မှစ၍ ဖေဖော်ဝါရီ ၁၅ ရက် ရောက်တိုင်းတွင် ယင်းအထိမ်းအမှတ်ကျောက်တိုင်၌ အောက်မေ့ဖွယ် အခမ်းအနားများကို နှစ်စဉ်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………………………………………
(English Version)
Singapore commemorates civilians killed during Japanese occupation
SINGAPORE, Feb. 15 (Xinhua) — Singapore held a memorial ceremony on Sunday to commemorate civilians who died during the Japanese occupation in World War II, with about 500 people attending the annual observance in the city center.
The event, organized by the Singapore Chinese Chamber of Commerce and Industry and the Central National Education Office of the Ministry of Defense, took place at the Civilian War Memorial on Beach Road. Attendees included government, military and business representatives, diplomats such as Chinese Ambassador to Singapore Cao Zhongming, veterans, victims’ relatives and students.
The ceremony coincided with Singapore’s Total Defense Day. The Civil Defense Force sounded the “all-clear” signal, wreaths were laid, and attendees observed a minute of silence.
“It was a time of tremendous hardship and suffering,” said Singapore’s Education Minister Desmond Lee in a speech, noting that tens of thousands of people were rounded up and killed, thousands were forcibly conscripted to build military installations, and many families lost loved ones to starvation or execution.
“We cannot, we must not, and we will not forget this painful history,” Lee said.
On Feb. 15, 1942, Singapore fell to the invading Japanese army, ushering in over three years of occupation. Historians estimate that at least 50,000 Chinese Singaporeans were killed by Japanese forces during the occupation.
On Feb. 15, 1967, Singapore established the Civilian War Memorial and designated the date as Total Defense Day. Since then, annual remembrance ceremonies have been held at the memorial every Feb. 15.
English Caption 1
Representatives of students bow during a memorial ceremony to commemorate civilians who died during the Japanese occupation in World War II in Singapore, Feb. 15, 2026. (Photo by Then Chih Wey/Xinhua)
English Caption 2
Representatives of retired veterans of the Singapore Armed Forces salute during a memorial ceremony to commemorate civilians who died during the Japanese occupation in World War II, in Singapore, Feb. 15, 2026. (Photo by Then Chih Wey/Xinhua)
