Connect with us

Asia

ဂျပန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးမှုများ စတင်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မဲရုံအပြင်ဘက်တွင် ဆိုင်းဘုတ်များနေရာချနေသော ဝန်ထမ်းများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက စတင်ခဲ့ပြီး လွှတ်တော်၏ အင်အားကြီး အောက်လွှတ်တော်ရှိ အမတ်နေရာ ၄၆၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁,၂၈၄ ဦးက ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။အဆိုပါရွေးကောက်ပွဲ၏ ကနဦးအဓိကအချက်မှာ လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ် ပါတီနှင့် ဂျပန်ဆန်းသစ်တီထွင်မှုပါတီတို့၏ အာဏာရ ညွန့်ပေါင်းအဖွဲ့က အများစုနေရာရနိုင်ခြင်းရှိမရှိနှင့် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ အစိုးရကို ရှေ့ဆက်ခွင့်ပြုနိုင်မည်၊ မပြုနိုင်မည်ကိုလည်းကောင်း၊ ရွေးကောက်ပွဲရလဒ်က အတိုက်အခံတို့၏ အင်အားကို တိုးချဲ့နိုင်ခြင်းရှိမရှိနှင့် တားဆီးနိုင်ခြင်းရှိမရှိကိုလည်းကောင်း အဆုံးအဖြတ်ပေးမည်ဖြစ်သည်။

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မဲရုံအပြင်ဘက်တွင် ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသော နိုင်ငံသားတစ်ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မဲရုံဆီလမ်းလျှောက်သွားနေကြသော နိုင်ငံသားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျပန်နိုင်ငံတစ်ဝန်းရှိ မဲရုံများကို ဒေသစံတော်ချိန် ည ၈ နာရီတွင် ပိတ်သိမ်းမည်ဖြစ်ကာ ယင်းနေ့ညနှောင်းပိုင်းအထိ ဆန္ဒမဲရေတွက်မည်ဟု ခန့်မှန်းထားသည်။အောက်လွှတ်တော်အမတ်နေရာ ၄၆၅ နေရာအနက် ၂၈၉ နေရာအား အမတ်တစ်ဦးတည်းကို ရွေးချယ်သည့် မဲဆန္ဒနယ်များမှလည်းကောင်း၊ ၁၇၆ နေရာကိုမူ ဒေသဆိုင်ရာမဲဆန္ဒနယ်များရှိ အချိုးကျကိုယ်စားပြုမှုမှ ရွေးချယ်မည်ဖြစ်သည်။အဓိက ဂျပန်မီဒီယာများ၏ လတ်တလောဆန္ဒကောက်ယူမှုများအရ အာဏာရညွန့်ပေါင်းအဖွဲ့က အမတ်နေရာအများစု ရရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/93U

……………………………………..
(English Version)
Voting begins in Japan’s general election
TOKYO, Feb. 8 (Xinhua) — Voting in Japan’s general election began on Sunday morning, with a total of 1,284 candidates competing for 465 seats in the House of Representatives, the powerful lower chamber of parliament.
The primary focus of the election is whether the ruling coalition of the Liberal Democratic Party (LDP) and the Japan Innovation Party will secure a majority and allow the administration of Prime Minister Sanae Takaichi to continue, or whether the opposition will expand its strength and block that outcome.
Polling stations across the country will close at 8 p.m. local time, and ballot counting is expected to last late into the night.
Of the 465 lower house seats, 289 will be elected from single-member districts and 176 through proportional representation in 11 regional blocs.
Recent polls by major Japanese media outlets suggested that the ruling coalition is likely to secure a majority of seats. xhtxs.cn/93U
Photo 1: Staff members put boards outside of a voting station in Tokyo, Japan on Feb. 8, 2026. (Xinhua/Jia Haocheng)
Photo 2: A citizen waits to vote outside a voting station in Tokyo, Japan, on Feb. 8, 2026. (Xinhua/Jia Haocheng)
Photo 3: Citizens walk into a voting station in Tokyo, Japan on Feb. 8, 2026. (Xinhua/Jia Haocheng)