Connect with us

Asia

ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ဂျပန် နိုင်ငံ ပြည်သူပေါင်း ၁၂၀၀၀၀ ကျော် ကန့်ကွက် ဆန္ဒပြ

ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူများ လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ နေစဉ်(ဆင်ဟွာ)

တိုကျို ၊ သြဂုတ် ၃၀ ရက်(ဆင်ဟွာ)

ဂျပန် နိုင်ငံ တိုကျို မြို့ လွှတ်တော် ခန်းမ ရှေ့တွင် သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်း က ဂျပန် ပြည်သူပေါင်း ၁၂၀၀၀၀ ကျော် မှ ရှင်ဇိုအာဘေး အစိုးရ မှ တင်သွင်းသည့် လုံခြုံရေး ဥပဒေ မူကြမ်း ( Security Bill) အား ကန့်ကွက် ကြောင်း ဆန္ဒပြ ခဲ့ကြသည်။

ယခု ပြုလုပ် သည့် ဆန္ဒပြမှု သည် လတ်သလော အချိန်ကာလ အတွင်း လူအင်အား အများဆုံး နှင့် ပမာဏ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး ဆန္ဒပြ ပြည်သူ များမှ လွှတ်တော် ခန်းမ ရှေ့တွင် “ဖက်ဆစ်ဝါဒလက်မခံကြောင်း” ၊ “ရှင်ဇိုအာဘေး ရာထူးမှ နှုတ်ထွက်စေလိုကြောင်း” နှင့် “လုံခြုံရေး ဥပဒေ မူကြမ်း ဖျက်သိမ်းပေးရန်” စသည် တို့ကို ကြွေးကြော် ဆန္ဒပြ ခဲ့ကြသည်။

ဆန္ဒပြမှု မဖြစ်ပွား မှီ တစ်နာရီ အလို ခန့်တွင် ဂျပန် နိုင်ငံ ရှိ အသက်အရွယ်စုံ ပြည်သူ များသည် လွှတ်တော် ခန်းမ ရှေ့သို့ လာရောက် စုဝေး ခဲ့ကြပြီး လွှတ်တော် ခန်းမ ရှေ့ရှိ လူသွားလမ်း ၊ ကားလမ်း နှင့် အနီးရှိ ပန်းခြံ များတွင် လူများဖြင့် ပြည့်နှက်နေခဲ့ပြီး အချို့ နေရာများတွင် ဆန္ဒပြသူ များ နှင့် ရဲ များ ပဋိပက္ခ ဖြစ်ပွား ခဲ့ကြသည်။

လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ပါတီများ မှ ခေါင်းဆောင် များ နှင့် အရပ်ဘက် အဖွဲ့အစည်း မှ ကိုယ်စားလှယ် များမှ ဆန္ဒပြပွဲ တွင် လုံခြုံရေး ဥပဒေ အား ဝေဖန်သည့် မိန့်ခွန်း များ ပြောကြား ခဲ့ကြပြီး ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အား ရာထူး မှ နှုတ်ထွက် ပေးရန် တောင်းဆို ခဲ့ကြသည်။

ဆန္ဒပြ ပွဲ စီစဉ် သူ မှ ယနေ့တွင် ဂျပန် နိုင်ငံအတွင်းရှိ နေရာ ပေါင်း ၃၀၀ ကျော်ခန့်တွင် လုံခြုံရေး ဥပဒေ အား ဆန့်ကျင် သည့် ဆန္ဒပြမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.