Connect with us

Asia

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ မှ လေးမျက်နှာ ဘုရား ဗုံးဖေါက်ခွဲမှု သံသယရှိသူ အား ဖမ်းဆီး လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ လေးမျက်နှာ ဘုရား ဗုံးဖောက်ခွဲမှု သံသယရှိသူ အား ဘန်ကောက်မြို့ အရှေ့ဘက်ရှိ ဆင်ခြေဖုံး ရပ်ကွက် တိုက်ခန်း တစ်ခု တွင် ဖမ်းဆီးခဲ့စဉ် (ဆင်ဟွာ)

ဘန်ကောက်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ လေးမျက်နှာ ဘုရား ဗုံးဖေါက်ခွဲမှုနှင့် ပတ်သက်သည့် သံသယရှိသူ အမျိုးသား တစ်ဦးအား သြဂုတ်လ ၂၉ ရက်နေ့တွင် ဖမ်းဆီးလိုက်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန် ခဲ့သည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ၎င်း အမျိုးသား အား ဘန်ကောက်မြို့ အရှေ့ဘက်ရှိ ဆင်ခြေဖုံး ရပ်ကွက် အတွင်းရှိ အငှားချထား သည့် တိုက်ခန်း တစ်ခုတွင် ဖမ်းဆီး ရမိခဲ့ပြီး ထို တိုက်ခန်း အတွင်းမှ ဗုံးဖေါက်ခွဲရန် တပ်ဆင် နိုင်သည့် ပစ္စည်းများ နှင့် လေးမျက်နှာ ဘုရား ဗုံးဖောက်ခွဲမှု တွင် အသုံးပြုခဲ့သည့် ဗုံးအမျိုးအစား နှင့် တူညီ နေသည့် ပစ္စည်းများ သိမ်းဆည်း ထားသည်ကိုလည်း ရှာဖွေ တွေ့ရှိ ခဲ့သည်။

ထိုင်းနိုင်ရှိ သတင်း ထုတ်ပြန်ချက်များ အရ ၎င်း အမျိုးသား သည် တူရကီ နိုင်ငံသား တစ်ဦး ဖြစ်ကြောင်း ၊ ထိုင်း နိုင်ငံ ရဲတပ်ဖွဲ့ မှ ၎င်း အမျိုးသား ၏ အသေးစိတ် အချက်အလက် များအား စုံစမ်း နေကြောင်း ၊ ထိုင်း နိုင်ငံရှိ ထိုအငှား တိုက်ခန်းအား ဇူလိုင်လ မှ စတင်၍ ငှားယူ နေထိုင်း နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ကိုယ်တိုင် ယခု စုံစမ်း ဖမ်းဆီးမှု ကို ဦးဆောင် ညွှန်ကြား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လည်း သိရှိရသည်။သြဂုတ်လ ၁၇ ရက်နေ့ တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လေးမျက်နှာ ဘုရား အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ဦး သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရရှိ ခဲ့သည်။

ထိုင်း နိုင်ငံ ရဲတပ်ဖွဲ့ မှ လေးမျက်နှာ ဘုရား ဗုံးဖောက်ခွဲမှု နှင့် ပတ်သက်၍ သံသယ ရှိသူ ၏ ဓာတ်ပုံ အား အများပြည်သူ သွားလာရာ နေရာနှင့် အင်တာနက် ပေါ်တွင် ဖြန့်ဝေမှု များပြုလုပ် ခဲ့ပြီး သြဂုတ် ၁၈ ရက် နေ့ က Sathon သင်္ဘောဆိပ် တွင် ဗုံးဖောက်ခွဲခဲ့သည့် သံသယ ရှိသူ ကိုလည်း စုံစမ်း ဖမ်းဆီးမှု များပြုလုပ်နေကြောင်း သိရှိရသည်။ (Xinhua)