Asia
ဗီယက်နမ် ကမ်းခြေတွင် SU-30 ဂျက်လေယာဉ် တစ်စင်း ပျောက်ဆုံးနေ

ဟနွိုင်း ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)
ဗီယက်နမ် လေတပ်မှ SU-30 အမျိုးအစား ဂျက်တိုက်လေယာဉ် တစ်စင်းသည် လေ့ကျင့် ပျံသန်းနေစဉ် နိုင်ငံအလယ်ပိုင်း Nghe An ပြည်နယ်ကမ်းခြေ အနီး၌ ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ပျောက်ဆုံးသွားကြောင်း ပြည်တွင်း မီဒီယာများက ဆိုသည်။
အဆိုပါ ဂျက်လေယာဉ်ကို လေယာဉ်မှူး နှစ်ဦးဖြစ်သော အမှတ် ၉၂၃ တပ်ရင်းမှူး Tran Quang Khai နှင့် လေတပ် ပျံသန်းရေး ဒုဗိုလ် Nguyen Huu Cuong တို့လိုက်ပါ မောင်းနှင်ခဲ့ကြောင်း Thanh Nien လူငယ် အွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)