Asia
ဂျပန်နိုင်ငံတောင်ပိုင်း Torishima ကျွန်းဒေသ၌ ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိ
တိုကျို ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံတောင်ပိုင်း Torishima ကျွန်းဒေသ၌ ပြင်းအား ၅.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ကနဦးတိုင်းတာချက်များအရ သိရကြောင်း မိုးလေဝသအေဂျင်စီက ယနေ့အောက်တိုဘာ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ ငလျင်မှာ ကျွန်းကမ်းလွန်၌ ဒေသစံတော်ချိန်နံနက် ၁ဝ နာရီ ၂၈ မိနစ်တွင် မြောက်လတ္တီကျူ့၃၁.၈ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၁၄ဝ.၅ ဒီဂရီအတွင်း အနက် ၁၁ဝ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း နှင့် အချင်းဖြစ် ဧရိယာအတွင်းရှိ သင်္ဘောများ အပါအဝင် လူထိခိုက်ဒဏ်ရာရမှုများ နှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုများ သတင်းဖော်ပြချက်များ မရှိကြောင်း သိရသည်။(Xinhua)