Asia
အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်တွင် မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိ

နယူးဒေလီ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးရေကြီးခြင်းကြောင့် သေဆုံးသူ ၂၇ ဦးရှိပြီး ဒဏ်ရာရသူ ၁၂ ဦးရှိကြောင်း ဇူလိုင်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။
မိုးရေကြီးခြင်းကြောင့် Uttar Pradesh ပြည်နယ် Agra တွင်သေဆုံးသူ ၅ ဦး၊ Mainpuriတွင် သေဆုံးသူ ၄ ဦးရှိကာ Muzaffarnagarနှင့် Kasganjတွင် ၃ ဦး အသီးသီးသေဆုံးခဲ့ကြပြီး အခြားဒေသများတွင်လည်း လူအများအပြားသေဆုံးခဲ့ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများလည်း အခက်အခဲဖြစ်နေကြောင်း သိရသည်။
Uttar Pradesh ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းသိရသည်။
Uttar Pradesh ပြည်နယ်တွင် လာမည့် ၄၈ နာရီအတွင်း မိုးသည်းထန်နိုင်ကြောင်း အိန္ဒိယ မိုးဇလက ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံသည် သဘာဝဘေးအန္တရာယ်များ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည့်နိုင်ငံဖြစ်ပြီး အထူးသဖြင့် ပူပြင်းသည့်နွေရာသီကာလနှင့် မိုးအဝင်ကာလတွင် အိန္ဒိယနိုင်ငံနေရာအနှံ့အပြား၌ ရေကြီး ရေလျှံ၊မြေပြိုမှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)