Asia
“တရုတ်-ဂျပန်-တောင်ကိုရီးယား+X” ပူးပေါင်းဆောင်ရွက်မှုကို တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် အဆိုပြု
တိုကျို၊ မေ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စွမ်းရည်ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် စွမ်းအင်ချွေတာရေး စသည့်နယ်ပယ်များ၌ ပူးတွဲစီမံကိန်းများကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသစ်ဖြင့် လုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။
လီသည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်တို့နှင့်အတူ တိုကျိုမြို့တွင် သုံးနိုင်ငံ အစည်းအဝေး ကျင်းပခဲ့သည်။
လီက အာရှတွင် နိုင်ငံများစွာရှိကြောင်း၊ ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များမှာလည်း ကြီးမားကြောင်း၊ အာရှတွင် ဖွံ့ဖြိုးတိုးတက်မှု ရှေ့တန်းရောက်ရှိနေသော တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် အာရှနိုင်ငံများ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရေးအတွက် ဈေးကွက်များစွာပါရှိသည့် စတုတ္ထအဖွဲ့အစည်းနှင့် စက်ကိရိယာ၊ နည်းပညာ၊ ငွေရေးကြေးရေးနှင့် ဆောက်လုပ်ရေး အင်ဂျင်နီယာပညာကဏ္ဍများတွင် သက်ဆိုင်ရာအလိုက် အကျိုးကျေးဇူးများရရှိစေရန် အပြည့်အဝ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောခဲ့သည်။ (Xinhua)