Australia / Oceania
ဆော်လမွန်ကျွန်းတွင် အင်အား ၆.၁ ရှိသော ငလျင်လှုပ်

ဟောင်ကောင်၊ မေ ၃ ရက် (ဆင်ဟွာ)
ဆော်လမွန်ကျွန်းများပေါ်ရှိ ဘူအာလာမြို့ မြောက် အရှေ့မြောက်ဘက် ၁၄၅ ကီလိုမီတာအကွာ၌ မေလ ၃ ရက် ဂရင်းနစ်စံတော်ချိန် ရး၂၅ နာရီတွင် အင်အား ၆.၁ ပမာဏရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် ကနဦးတိုင်းတာချက်အရ တောင်လတ္တီကျု ၆.၉၃၄၆ ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၆၀.၁၁၅၆ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ (Xinhua)