Connect with us

Australia / Oceania

သြစတြေးလျဝန်ကြီးချုပ် မှ တရုတ်နှစ်သစ်ကူး အတွက် ဝမ်းမြောက်ကြောင်းပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် (Li Keqiang) နှင့် သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ (Tony Abbott ) တွေ့ဆုံစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့ (Tony Abbott )သည် ဖေဖေါ်ဝါရီ ၁၅ ရက် နေ့တွင် နိုင်ငံ အတွင်းနေထိုင်သော တရုတ်လူမျိုးများအား မကြာမီရောက်ရှိလာမည့် တရုတ်ရိုးရာ နှစ်သစ်ကူး၊ ဆိတ်နှစ် အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် မိန့်ခွန်းပြောကြားရာတွင် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတွင် တရုတ်လူမျိုးများ၏ မိသားစု၊ မိတ်ဆွေများ ပြန်လည်ဆုံ တွေဆုံကြပြီး အစားအသောက်ကောင်းများ သုံးဆောင်ကာ နှစ်သစ်အား ကြိုဆိုလေ့ ရှိသည်။ယခုနှစ်သည် ဆိတ်နှစ်ဖြစ်ပါသည်။ ဆိတ်၏ သင်္ကေတမှာ ဇွဲလ့ုံလဖြင့် အောင်မြင်မှုများရရှိကြောင်း ဖော်ဆောင်ပါသည်။ ဤသည်မှာ သြစတြေးလျ ရှိ တရုတ်အသိုင်းအဝိုင်းများ၏ နိုင်ငံတော်အတွက် ကြိုစား အားထုတ်သည့် ဆောင်ရွက်မှု နှင့်တူညီပါသည်။

တရုတ်လူမျိုးတိ့ုသည့် ၁၉၅၀ ခုနှစ် ဝန်းကျင်အတွင်း ရွှေတူးဖော်ရေးခေတ် မှစတင်ကာ သြစတြေးလျ နိုင်ငံသို့ စတင် ရောက်ရှိခဲ့သည်။ ပထမ ကမ္ဘာစစ်အတွင်း တူရကီနိုင်ငံတွင်ဖြစ်ပွားခဲ့သော ကာရီပေါ်ရီ (Gallipoli) နှင့် အနောက်ပိုင်း စစ်ပွဲများ၏ သြစတြေးလျ တပ်ဖွဲ့တွင် တရုတ်လူမျိုးများ ပါဝင်ကြောင်း တွေရှိခဲ့ရသည်။ ယခု ချိန်တွင် တရုတ်နိုင်ငံသည် ကျွန်တော်တို့နှင့် အဓိက စီးပွားရေး မိတ်ဆွေဖြစ်ပြီး သြစတြေးလျနိုင်ငံတွင်းသို့ ပြောင်းရွေ့ နေထိုင်ခြင်း နှင့် လာရောက် ပညာသင်ယူသော အဓိကနိုင်ငံဖြစ်သည်။

သြစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ က တရုတ်သမ္မတ ရှီကျင့်ဖိန် သြစတြေးလျ သို့ လာရောက်လည်ပတ်စဉ်တွင် ပြောကြားခဲ့သည့် “တစ်ကိုယ်တော် သွားခြင်းသည် မြန်သည်။ စုပေါင်းသွားခြင်း သည်ပိုမို ခရီးဝေးရောက်သည်”ကို ထပ်မံ ပြောကြားခဲ့သည်။ ထို့ပြင်ကမ္ဘာ့ဒုတိယ အကြီးမားဆုံး စီးပွားရေး အင်းအားစု ဖြစ်သော တရုတ်နိုင်ငံ နှင့် ၂၀၁၄ နှစ်က နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ်အား ရေးထိုးနိုင်ခဲ့သောကြောင့် နိုင်ငံတော်အတွက် အလုပ်ကိုင် အခွင့်အလမ်းနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိစေလိမ့်မည် ဖြစ်ကြောင်းပြောကြားသည်။ ထို့အပြင်နိုင်ငံတွင်းရှိ တရုတ်လူမျိုး တို့၏ ကြိုးပမ်းမှုကြောင့်တရုတ် – သြစတြေးလျ နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်ဆံရေးသည် ယခင်ထက် ပိုမိုနက်ရှိုင်းလာကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သြစတြေးလျ လူမှုရေးဝန်ကြီး စကော့ မောရီဆင်(Scott Morrison)၏ ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းတွင် မီးပုံးပွဲများ၊ ခြင်္သေ့အက ပွဲများ ၊ နဂါးလှေလှော် ပြိုင်ပွဲများနှင့် ရိုးရာပွဲတော်များပြုလုပ်၍ တရုတ်နှစ်ကူးပွဲအား ကြိုဆိုမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)