Connect with us

Australia / Oceania

ဆော်လမွန် ကျွန်းစု အနီး ပြင်းအား ၆.၈ အဆင့်ရှိ ငလျင် လှုပ်ခတ်

ဆော်လမွန် ကျွန်းစုအား google maps မှ မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps )

ဆစ်ဒနီ ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စခန်း ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၀ ရက်နေ့က ဆော်လမွန် ကျွန်းစု အနီးရှိ ပင်လယ်ပြင်တွင် ပြင်းအား ၆.၈ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ငလျင် သည် ဒေသ စံတော်ချိန် ဇန်နဝါရီ ၂၀ ရက်နေ့ ၁၀ နာရီ ၄ မိနစ် တွင် ဆော်လမွန် ကျွန်းစု Kirakira မြို့ အနောက်ဘက် ၇၁ ကီလိုမီတာ အကွားအဝေးတွင် ဖြစ်ပွား ခဲ့ပြီး ငလျင် အနက်မှာ ၃၃.၆ ကီလိုမီတာ ရှိကြောင်း သိရှိရသည်။

ယခု ဖြစ်ပွား ခဲ့သော ငလျင်ကြောင့် ဟာဝိုင်ယီကျွန်း ရှိ ပစိဖိတ် ဆူနာမီ အချက်ပေး စင်တာ က ဆူနာမီ အချက်ပေး ကြေညာချက် မထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။

ဆော်လမွန် ကျွန်းစုသည် ပစိဖိတ် ဒေသ အတွင်း ရှိ မီးတောင် နှင့် ငလျင် များပြားရာဒေသဖြစ်ပြီး မကြာခဏ ငလျင် လှုပ်ခတ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.