Connect with us

Australia / Oceania

ပါပူဝါနယူးဂီနီ နိုင်ငံတွင် ရစ်ချ်တာစကေး ၇.၉ ရှိ ငလျင်ပြင်းတစ်ခု လှုပ်ခတ်ပြီးနောက် ဆူနာမီ သတိပေးချက် ထုတ်ပြန်

ငလျင်ပြင်းလှုပ်ခတ်ခဲ့သည့် ပါပူဝါနယူးဂီနီနိုင်ငံ Bougainville ကျွန်းအားမြေပုံ၌တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဟာဝိုင်ရီပြည်နယ် ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ သည် ပါပူဝါနယူးဂီနီနိုင်ငံ (PNG) တွင် ဇန်နဝါရီ ၂၂ရက်တွင် ရစ်ချ်တာစကေး ၇.၉ ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်ပြင်းတစ်ခုနှင့် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်ပြီးနောက် ပစိဖိတ်ဒေသအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပါပူဝါနယူးဂီနီနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Bougainville ကျွန်းပေါ်ရှိ Pangunaမြို့ အနောက်ဘက် ၄၇ကီလိုမီတာ ၌ ဒေသစံတော်ချိန် ၁၅း၃၀နာရီတွင် အဆိုပါ ငလျင်ပြင်းလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာ လေ့လာတိုင်းတာရေးအဖွဲ့ (USGS) က ပြောကြားခဲ့ပြီး သြစတြေးလျနိုင်ငံ ဘူမိဗေဒအဖွဲ့ကလည်း အဆိုပါ ဧရိယာအတွင်း အင်အား ၆.၂ရှိသည့် နောက်ဆက်တွဲငလျင်တစ်ခုကို တိုင်းတာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

USGS ၏ ကနဦးတိုင်းတာချက်များအရ ပထမဆုံးငလျင်၏ ပြင်းအားသည် ရစ်ချ်တာ စကေး ၈.ဝရှိပြီး ဆော်လမွန်ကျွန်းများတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်သည် မြေပြင်အနက် ၁၅၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း USGS ကပြောကြားခဲ့ပြီး ကျွန်းပေါ်တွင် ငလျင်ကြောင့် အပျက်အစီးများ ဖြစ်ပေါ်နိုင်ကြောင်း သြစတြေးလျနိုင်ငံ ဘူမိဗေဒအဖွဲ့ ငလျင်ပညာရှင် Spiro Spiliopoulos က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ပစိဖိတ်ဆူနာမီသတိပေးချက်စင်တာ က သြစတြေးလျကမ်းရိုးတန်းအတွက် ဆူနာမီသတိပေးချက် မထုတ်ပြန်သော်လည်း ပစိဖိတ်ဒေသ နှင့် အင်ဒိုနီးရှားနိုင်ငံ တစ်လျှောက် ယင်း ငလျင်ပြင်းကြောင့် အန္တရာယ်ရှိသည့် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ပါပူဝါနယူးဂီနီနိုင်ငံ နှင့် ဆော်လမွန်ကျွန်း၏ ကမ်းရိုးတန်းအချို့တွင်သာ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်အားလျှော့ချခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.