Connect with us

Australia / Oceania

တောင် ပစိဖိတ် သမုဒ္ဒရာ ကျွန်း နိုင်ငံ တစ်ခု ဖြစ်သည့် ဗာနူအာ နိုင်ငံ တွင် ပြင်းအား ၆.၄ အဆင့် ရှိသည့် ငလျင် လှုပ်ခတ်

ပြင်းအား ၆.၄ အဆင့် ဖြစ်ပွား ခဲ့သည့် ဗာနူအာ နိုင်ငံ Tanna ကျွန်း အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဆူဗာ ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

တောင် ပစိဖိတ် သမုဒ္ဒရာ ကျွန်း နိုင်ငံ တစ်ခု ဖြစ်သည့် ဗာနူအာ နိုင်ငံ Tanna ကျွန်း အနောက်ဘက် ကမ်း ၊ Isangel မြို့ အနောက်မြောက်ပိုင်း ၇၂ ကီလိုမီတာ အကွာအဝေး ခန့်တွင် ဇူလိုင်လ ၁၃ ရက်နေ့ ညပိုင်းအချိန် ၌ ပြင်းအား ၆.၄ အဆင့်ရှိသည့် ငလျင် တစ်ခု လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်စီး ဆုံးရှုံးမှု စာရင်း မထွက်ရှိ သေးကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ ငလျင် တိုင်းတာရေး စင်တာ ၏ သတင်း ထုတ်ပြန်ချက်အရ ဗာနူအာ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် ငလျင် သည် တောင်လတ္တီတွဒ် ၁၈.၉၃၃ ဒီဂရီ ၊ အရှေ့ လောင်ဂျီတွဒ် ၁၆၉.၀၂၂ ဒီဂရီ တွင် ဖြစ်ပွား ခဲ့ပြီး မြေအောက် အနက် ၁၆၉.၂ ကီလိုမီတာ သို့ ဗဟို ပြုလုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

ယင်းလှုပ်ခတ် ခဲ့သည့် ငလျင် နှင့် ပတ်သက်၍ ပစိဖိတ် ဆိုနာမီ သတိပေး စင်တာ မှ ဆိုနာမီ သတိပေး ကြေညာချက် မထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။ဗာနူအာ နိုင်ငံ သည် ပစိဖိတ် သမုဒ္ဒရာ အတွင်း မီးတောင်များ လှုပ်ရှားရာ ဒေသ အတွင်း တည်ရှိနေပြီး မကြာခဏ ငလျင် ဖြစ်ပွား လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.