Australia / Oceania
နယူးဇီလန် နိုင်ငံ မြောက်ပိုင်း ပင်လယ်ပြင်တွင် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ်
ဝယ်လင်တန် ၊ မတ် ၇ ရက် (ဆင်ဟွာ)
နယူးဇီလန် တော်ဝင် ဘူမိဗေဒ နှင့် နျူကလီးယား သိပ္ပံ အင်စတီကျု က နိုင်ငံမြောက်ပိုင်း Kermadec ကျွန်းစု အနီး ပင်လယ်ပြင်တွင် မတ်လ ၇ ရက် နံနက်ပိုင်းအချိန် ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံးဒဏ်ရာရရှိမှု နှင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးကြောင်း ငလျင်လှုပ်ခတ် ပြီးနောက် ထုတ်ပြန် ကြေညာခဲ့သည်။
တိုင်းတာချက်များအရ ငလျင် သည် မတ်လ ၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၄၆ မိနစ် တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ငလျင် သည် နယူးဇီလန် မြောက်ဘက်စွန်းရှိ Whakatane မြို့ နှင့် ၈၄၅ ကီလိုမီတာ အကွာအဝေး တွင် မြေအောက် အနက် ၃၃ ကီလိုမီတာ သို့ ဗဟိုပြုလှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။
သတင်းထုတ်ပြန်ချက်များအရ ငလျင် လှုပ်ခတ်ခဲ့ရာ အနီးပတ်ဝန်းကျင် ဒေသများတွင် လူများ နေထိုင်မှု မရှိကြောင်း ၊ ငလျင် လှုပ်ခတ်မှု ကြောင့် ဆူနာမီ ဖြစ်ပေါ် ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။(Xinhua)