Connect with us

Australia / Oceania

အသက် ၁ဝဝ နှစ် အရွယ်ရှိ မိကျောင်းကြီးBismarck သေဆုံးမှုအတွက် သြစတြေးလျပြည်သူများ ဝမ်းနည်းပူဆွေ


ဆစ်ဒနီ ၊ မတ် ၇ ရက်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံမြောက်ပိုင်း Cardwell မြို့သားများသည် အလျား ၄.၅ မီတာရှိ ရေငံမိကျောင်းကြီး ဘစ်မက်စ်(Bismarch) သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြကြောင်း သိရသည်။

ခန့်မှန်းခြေ သက်တမ်း နှစ် ၁ဝဝ အရွယ်ရှိ မိကျောင်းကြီးသည် သေနတ်ကျည်ဆံရာများဖြင့် သေဆုံးနေသည်ကို ဒေသခံ တံငါသည်တစ်ဦးက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၊ အချင်းဖြစ်ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်း ပြည်တွင်းမီဒီယာက မတ် ၇ ရက်တွင် ဖော်ပြခဲ့သည်။

Cardwell ဒေသခံတစ်ခုဖြစ်သူ Thea Ormonde က မိကျောင်းကြီး ဘစ်မက်စ်အား “ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီး” တစ်ဦးဟု ထုတ်ဖော်ပြောကြားခဲ့ပြီး ကျွန်တော်တို့လူမှုအသိုက်အဝန်းအတွက် “ သိပ်ကို ဝမ်းနည်းကြေကွဲရတဲ့ နေ့တစ်နေ့ပါပဲ ” ဟူ၍ ဆိုခဲ့သည်။

“ ဘစ်မက်စ်ကို ကျွန်တော်တို့ဒေသခံတွေရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားတာပါ။ သူဟာ လူကြီးလူကောင်းစိတ်ဓာတ်နဲ့လှုပ်ရှားသွားလာနေတဲ့ မိကျောင်းကြီးတစ်ကောင်ပါ” ဟု Ormonde က သြစတြေးလျရုပ်သံကော်ပိုရေးရှင်းသို့ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံ၏ အသက် ၁ဝဝ နှစ်အရွယ် မိကျောင်းကြီး ဘစ်မက်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

သြစတြေးလျနိုင်ငံ၏ အသက် ၁ဝဝ နှစ်အရွယ် မိကျောင်းကြီး ဘစ်မက်စ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဘစ်မက်စ်သည် ယင်းဒေသတွင် ပုံမှန်ကျက်စားသွားလာနေကြောင်း နှင့် ကမ်းရိုးတန်းတစ်လျှောက် ဂဏန်းနှိုက်ခြင်း နှင့် ငါးဖမ်းခြင်း ပြုလုပ်ကြသည့် ဒေသခံများအနီးအနားထိ သွားလာလှုပ်ရှား၍ ၎င်းတို့အတွက် ပျော်ရွှင်မှုကို ပေးစွမ်းသည့် မိကျောင်းကြီးတစ်ကောင်ဖြစ်ကြောင်း သိရသည်။

“ ဒီမိကျောင်းက လူတွေကို ဘယ်တော့မျှ ခြောက်လှန့်တာမလုပ်ဘူး။ သူက လိပ်သားတော့ ကြိုက်တယ်” ဟု ဘစ်မက်စ်သေဆုံးနေသည် ရှာဖွေတွေ့ရှိခဲ့သည့် တံငါသည် Ryan Moody က ဆိုသည်။

“ ကျွန်တော်က Meunge လျှိုထဲမှာ ပိုက်ချဖို့နဲ့ငါးမျှားချိတ်ချဖို့လုပ်နေတုန်း သူ့အနားက ဖြတ်လျှောက်သွားမိတာပါ” ဟု ၎င်းကဆိုသည်။

မိကျောင်းကြီး ဘစ်မက်စ်သေဆုံးမှုကို Moody က လူမှုကွန်ရက်ပေါ်တွင် ဗီဒီယိုဖိုင်တင်ကာ ပြစ်တင်ရှုတ်ချခဲ့ပြီး ဘစ်မက်စ်သေဆုံးမှုကြောင့် ယင်းရေပိုင်နက်သို့လူသားများကို ပိုမိုအန္တရာယ်ပြုပြီး ရန်လိုသော မိကျောင်းများ ဝင်ရောက်လာနိုင်ကြောင်း အသိပေးစကားဆိုခဲ့သည်။

“ လူသားတွေအတွက် ပိုမိုအန္တရာယ်ရှိအောင် ဖြစ်စေမယ့် မိုက်မဲတဲ့လုပ်ရပ်ကို ဘယ်လိုစိတ်မျိုးနဲ့ လုပ်နိုင်တာကို သိပ်အံ့သြမိတယ်” ဟု Moody ကဆိုသည်။

ယခုအခါ Cardwell မြို့သားများသည် မိကျောင်းကြီး ဘစ်မက်စ်အားနောက်ဆုံး နှုတ်ဆက်ရန် ဈာပနအခမ်းအနားအတွက် ပြင်ဆင်နေကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.