Australia / Oceania
ပါပူအာ နယူးဂါနီတွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်
ပေကျင်း၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)
ပါပူအာ နယူးဂါနီနိုင်ငံ နယူးအိုင်ယာလန်ကျွန်း အနီး ယနေ့ (ဒီဇင်ဘာလ ၁၇ ရက်) ပေကျင်း စံတော်ချိန် ည ၆း၅၁ နာရီအချိန်၌ ပြင်းအား ၇.၈ အဆင့်ရှိ အင်အားပြင်း ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရကြောင်း သိရသည်။
အဆိုပါ ငလျင်သည် တောင်လတ္တီကျု့ ၄.၅၃ ဒီဂရီ၊ အရှေ့လောင်ဂျီကျု့ ၁၅၃.၄၇ ဒီဂရီ နှင့် အနက် ၁၁၀ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ ငလျင် ကွန်ရက် စင်တာ (CENC) က ထုတ်ပြန်လိုက်သည်။ (Xinhua)