Connect with us

Australia / Oceania

လေကြောင်းလိုင်းဝန်ထမ်းများ သပိတ်မှောက်၍ ဩစတြေးလျလေဆိပ်များတွင် လုပ်ငန်းလည်ပတ်မှု အခက်အခဲဖြစ်ပေါ်

ဩစတြေးလျနိုင်ငံ နိုင်ငံတကာလေဆိပ်တစ်ခု၌ Jetstar လေကြောင်းလိုင်းမှ ဝန်ထမ်းများ အလုပ်မဆင်းသောကြောင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ ဖေဖော်ဝါရီ ၁၉ ရက်(ဆင်ဟွာ)

ဩစတြေးလျနိုင်ငံ၏ ဘတ်ဂျက်လေကြောင်းလိုင်းတစ်ခုဖြစ်သော Jetstar လေကြောင်းလိုင်းမှ မြေပြင်ဝန်ထမ်းများသည် နိုင်ငံအနှံ့အပြားရှိ လေဆိပ်များတွင် ဖေဖော်ဝါရီ ၁၈ ရက်က အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြကြောင်း နှင့် ယင်းအတွက်ကြောင့် လေကြောင်းခရီးစဉ် အများအပြားဖျက်သိမ်းခဲ့ရပြီး လေဆိပ်လုပ်ငန်းလည်ပတ်မှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၄ နာရီကြာ လေကြောင်းလိုင်း သပိတ်မှောက်မှုတွင် ဝန်ထမ်း ၂၅၀ ဦးခန့် ပါဝင်ခဲ့ကြောင်း နှင့် ဆစ်ဒနီ ၊ မဲလ်ဘုန်း ၊ အေဗီလွန် ၊ ဘရစ်စဘိန်း ၊ ကိုင်းရန်စ် နှင့် အဒီလိတ်ခ် စသည့် လေဆိပ်များအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းဝန်ထမ်းများသည် လေဆိပ်စင်္ကြံများတွင် စုဝေးခဲ့ကြပြီး ဟစ်ကြွေးခြင်း ၊ ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်၍ လုပ်ခလစာတိုးပေးရန် နှင့် အလုပ်သမားများ၏ ဘေးကင်းလုံခြုံရေးအတွက် အလုပ်ချိန်ပိုမိုအဆင်ပြေအောင် ဖန်တီးပေးရန် တောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒပြမှုကြောင့် Qantas မှ ပိုင်ဆိုင်သော Jetstar လေကြောင်းလိုင်းသည် ဩစတြေးလျပြည်တွင်း ခရီးစဉ် ၄၈ ခု ဖျက်သိမ်းခဲ့ရကြောင်း ၊ ခရီးသည်များအား ငွေပြန်အမ်းခြင်း သို့မဟုတ် အခြားလေကြောင်းလိုင်းဖြင့် လိုက်ပါနိုင်ရန် လိုအပ်သော ဝန်ဆောင်မှုများ ပြင်ဆင်ဆောင်ရွက်ပေးခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“ နေ့စဉ်ပုံမှန်သွားလာနေတဲ့ ကျနော်တို့ရဲ့ ဖောက်သည်ခရီးသည်တွေအတွက် ခိုင်မာတဲ့ အစီအစဉ်တစ်ခု လုပ်ထားပေးပါတယ် ၊ ပြည်တွင်းခရီးစဉ် အဆင်မပြေမှု အနည်းဆုံးဖြစ်စေဖို့အတွက် ခရီးသည်တွေကို Qantas လေကြောင်းလိုင်းနဲ့လိုက်ပါနိုင်အောင် လွှဲပြောင်း စီစဉ်ပေးခဲ့ပါတယ် ” ဟု Jetstar လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် Gareth Evans ကဆိုသည်။

“ ခရီးသည်တွေအတွက် သူတို့အမှန်တကယ်ထွက်ခွာမယ့်အချိန်ထက် နာရီအနည်းငယ်လောက်တော့ နောက်ကျသွားတာပေါ့၊ ဒါပေမယ့် ခရီးသည်အားလုံးကို သူတို့သွားချင်တဲ့နေရာကို အဲဒီနေ့တွင်းရောက်အောင်တော့ ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။လေကြောင်းလိုင်း ဝန်ထမ်းများ သပိတ်မှောက်မှုသည် ရံဖန်ရံခါဖြစ်ပွားလေ့ရှိပြီး ၂၀၁၉ ခုနှစ်တွင် Jetstar လေကြောင်းလိုင်းဝန်ထမ်းများသည် နှစ်ကြိမ်တိတိ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.