Australia / Oceania
အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းရေပြင်တွင် အင်အား ၇.၅ပမာဏရှိ ငလျင်ပြင်းလှုပ်ခတ်

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)
အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ South Sandwich ကျွန်းများ၏ ကမ်းရိုးတန်းရှိ ဧရိယာများတွင် ဒီဇင်ဘာ ၁၁ရက် ပေကျင်းစံတော်ချိန် နံနက် ၁၀း၂၆နာရီ တွင် အင်အား ၇.၅ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း တရုတ်နိုင်ငံငလျင်ကွန်ရက်များစင်တာ (CENC) ကပြောကြားခဲ့သည်။
ငလျင်သည် တောင်လတ္တီကျု ၅၈.၃၄ဒီဂရီ နှင့် အနောက်လောင်ဂျီကျု ၂၆.၅၄ဒီဂရီ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း စင်တာကပြောကြားခဲ့သည်။ (Xinhua)