Australia / Oceania
Air Niugini လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပြေးလမ်းမရောက်မီ ပင်လယ်ထဲကျ

ဆစ်ဒနီ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
Air Niugini လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည် မိုက်ခရိုနီးရှားနိုင်ငံ Chuuk State ပြည်နယ်ရှိကျွန်းသို့ ဆင်းသက်စဉ် ပြေးလမ်းမရောက်မီပင် ရေထဲသို့ ကျသွားခဲ့ကြောင်း သိရသည်။
ဒေသခံ မီဒီယာ၏ဖော်ပြချက်အရ ခရီးသည်များနှင့် လေယာဉ်ဝန်ထမ်းများအားလုံး ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့သော်လည်း Boeing 737-800 လေယာဉ်မှာမူ ရေထဲနစ်မြုပ်သွားခဲ့ကြောင်း သိရသည်။
ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသည့် ဓာတ်ပုံများနှင့် ဗီဒီယိုတွင် ဒေသခံ ငါးဖမ်းသမားများသည် တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေသော လေယာဉ်အနီးတွင် အသက်ကယ်ဝါးဖောင်များဖြင့် လှည့်ပတ်နေသည်ကို တွေ့ရသည်။
Air Niugini လေကြောင်းလိုင်းသည် ပါပူအာနယူးဂီနီနိုင်ငံပိုင်ဖြစ်ပြီး မကြာသေးမီက နိုင်ငံတကာ လေကြောင်း ခရီးစဉ်များ တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။
လေယာဉ်ပျက်ကျမှုဖြစ်ပွားရသည့်အကြောင်းရင်းအား မသိရသေးပေ။ (Xinhua)