Connect with us

Australia / Oceania

မဒါဂတ်စကာ တွင် သံတမန်တစ်ဦး သေဆုံးကြောင်း အမေရိကန် အတည်ပြု

မဒါဂတ်စကာနိုင်ငံ ရှိ အမေရိကန်နိုင်ငံ သံရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သည် မဒါဂတ်စကာနိုင်ငံ တွင် ယခင်တစ်ပတ်က အမေရိကန် သံတမန်တစ်ဦးသေဆုံးကြောင်း စက်တင်ဘာ ၂၄ ရက်တွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Heather Nauert က နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးအား နေအိမ်တွင် စက်တင်ဘာ ၂၁ ရက် ညသန်းခေါင်ယံတွင် သေဆုံးလျက် တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

Nauert က သံတမန်လုံခြုံရေးအဖွဲ့ နှင့် ဒေသခံအာဏာပိုင်များ ပူးပေါင်းကာ ပူးတွဲစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး လက်ရှိတွင် သံသယရှိသူတစ်ဦးကို ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

Nauert သည် သေဆုံးသူအရာရှိ၏ ကိုယ်ရေးအချက်အလက် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်အား ထုတ်ပြန်ခြင်းမရှိသလို မဒါဂတ်စကာနိုင်ငံအတွင်း သေဆုံးရသည့် အခြေအနေကိုလည်း ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.