Connect with us

Australia / Oceania

သမ္မတ ရှီကျင့်ဖိန်၏ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သော အဓိက မိန့်ခွန်းကောက်နုတ်ချက်များ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပို့မော်ရက်စ်ဘီ၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ)

နိုဝင်ဘာလ ၁၇ ရက်က ပါပူဝါနယူးဂီနီနိုင်ငံ မြို့တော် ပို့မော်ရက်စ်ဘီမြို့၌ ကျင်းပသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) CEO ထိပ်သီးအစည်းအဝေးတွင် သမ္မတရှီကျင့်ဖိန်က “တစ်လှေတည်းစီး တစ်ခရီးတည်းသွားပြီး လှပသည့်အနာဂတ်သစ်ကို ဖန်တီးမည်”ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းစကားပြောကြားခဲ့သည်။ သမ္မတရှီ၏ အဓိကမိန့်ခွန်းထဲတွင်အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (APEC)သည် ရေနယ်နမိတ်ချင်းဆက်စပ်နေ သောကြောင့် တစ်လှေတည်းစီး တစ်ခရီးတည်းသွား မိတ်ဆွေများ ဖြစ်ကြောင်း ၊လက်ရှိ ကမ္ဘာ့စီးပွား ရေး လှိုင်းဂယက်ရိုက်နေချိန်၊ အန္တရာယ်စိန်ခေါ်မှုများ ရှိနေချိန်တွင် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အတူပူးပေါင်းဆောင်ရွက်ခြင်းသည် လေးနက်သည့်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း ၊ တစ်လှေတည်း စီး တစ်ခရီးတည်းသွားမိတ်ဆွေများနှင့်ကမ္ဘာ့စီးပွားရေးဟူသော သင်္ဘောကြီး အတူပဲ့ကိုင်ကာ မှန်ကန် သည့်လမ်းစဉ်ကို ဦးတည်၍ လှပသည့်အနာဂတ်ကို ရောက်ရှိအောင် စည်းလုံးညီညွတ်စွာ လှော်ခတ် လျှောက်လှမ်းရမည်ဖြစ်ကြောင်း စသည်ဖြင့်ဖော်ပြပါရှိသည်။

ကမ္ဘာ့စီးပွားဖွံ့ဖြိုးရေးလမ်းကြောင်းမှန်ပေါ်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ထိရောက်သော စီမံခန့်ခွဲမှု အတွေးအခေါ်နှင့်စပ်လျဉ်း၍ သမ္မတရှီက ခံယူချက်(၅)ရပ်ကို ရှင်းလင်းပြောကြားခဲ့ရာတွင် (၁) တံခါးဖွင့်ဝါဒကို လက်ကိုင်ထားပြီး ဖွံ့ဖြိုးရေးနယ်ပယ်ကို ပိုမိုကျယ်ပြန့်အောင်ဆောင်ရွက်ရန် (၂) တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် အများပြည်သူ၏အကျိုးစီးပွားကိုတိုးပွားအောင် ဆောင်ရွက်ရန် ၊(၃) သဘောထားကြီးလက်ခံမှုများဖြင့် အပြန်အလှန်ဆည်းပူးသင်ယူပေါင်းစည်းရန် ၊ (၄)တီထွင်ဖန်တီးမှုများဖြင့် ဖွံ့ဖြိုးရေးအရင်းအမြစ်များကို တိုးပွားအောင် ဆောင်ရွက်ရန် ( ၅) စည်းမျဉ်းစည်းကမ်းများဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ကောင်းမွန်အောင် ဆောင်ရွက်ရန် ဟူ၍ ထည့်သွင်းပြောကြားခဲ့သည်။

တံခါးဖွင့်ဝါဒကို လက်ကိုင်ထားပြီး ဖွံ့ဖြိုးရေးနယ်ပယ်ကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ရန် မိန့်ကြားချက်နှင့်ပတ်သက်၍ သမ္မတရှီက နိုင်ငံအချင်ချင်းဆက်စပ်နေသည့် အကျိုးစီးပွားများကို ဖြတ်တောက်တားဆီးခြင်းသည် အမြော်အမြင်နည်းသည့်လုပ်ဆောင်ချက်ဖြစ်သလို အောင်မြင်မည် လည်းမဟုတ်ကြောင်း ၊ တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများသည် ပြဿနာကို မဖြေရှင်းနိုင် သည့်အပြင် ကမ္ဘာ့စီးပွားရေး၏မသေချာမရေရာမှုများကို ပိုမို ဆိုးဝါးလာစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းဖြင့် အများပြည်သူ၏အကျိုးစီးပွားကိုတိုးပွားအောင် ဆောင်ရွက် ရန် မိန့်ကြားချက်အပေါ် သမ္မတရှီက ၂၀၃၀ခုနှစ် ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်ကို မိမိနိုင်ငံ၏ ဖွံ့ဖြိုးရေးမဟာဗျူဟာတွင် ထည့်သွင်းရန် ၊ ဖွံ့ဖြိုးပြီးနိုင်ငံများက ဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုများကို ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

သဘောထားကြီးလက်ခံမှုများဖြင့် အပြန်အလှန်ဆည်းပူးသင်ယူပေါင်းစည်းရန်မိန့်ကြားချက်တွင် သမ္မတရှီက နိုင်ငံတစ်နိုင်ငံသည် မည်သည့်လမ်းစဉ်ကို လျှောက်လှမ်းရမည်ဆိုသည်မှာ ယင်းနိုင်ငံ၏ပြည်သူများက ပြောပိုင်ခွင့်အရှိဆုံးဖြစ်ကြောင်း ၊ ဆေးတစ်မျိုးတည်းက ရောဂါပေါင်းစုံကို မကုသနိုင်သလို စနစ်တစ်ခု ပုံစံတစ်ခုတည်းက နိုင်ငံတိုင်း၏ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

တီထွင်ဖန်တီးမှုများဖြင့် ဖွံ့ဖြိုးရေးအရင်းအမြစ်များကို တိုးပွားအောင် ဆောင်ရွက်ရန်ရာတွင် သိပ္ပံနည်းပညာ ဖန်တီးအောင်မြင်မှုများကို ပိတ်ဆိုမထားသင့်၊လူနည်းစုတစ်စုတည်းက အကျိုးအမြတ်ကို ဖော်ထုတ်မှုမျိုးခြင်းမျိုးမဖြစ်သင့်ကြောင်း ၊ ဉာဏမူပိုင်ခွင့်သတ်မှတ်သည့် ရည်ရွယ်ချက်မှာ ကာကွယ်ထိန်းသိမ်းရန်ဖြစ်သလို အသစ်ဖန်တီးမှုများဆောင်ရွက်ရန် တွန်းအားပေး ခြင်းဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

စည်းမျဉ်းစည်းကမ်းဆိုသည်မှာ နိုင်ငံတကာအသိုင်းအဝိုင်းက အတူသတ်မှတ်ခြင်းဖြစ်ပြီး အင်အား တောင့်တင်းသူကသာ ပြောဆိုသတ်မှတ်ခြင်းမျိုးမဟုတ်ကြောင်း မတူညီသည့်စံချိန်စံညွှန်းဖြင့် အဆင်ပြေလျှင် အသုံးချမည်၊ အဆင်ပြေလျှင် စွန့်ခွာမည်ဆိုခြင်းမျိုး မပြုလုပ်သင့်ကြောင်း စည်းမျဉ်း စည်းကမ်းများဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုကို ကောင်းမွန်အောင် ဆောင်ရွက်ရန်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လာမည့်နှစ် ဧပြီလတွင် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး အာရှ-ပစိဖိတ်မှ စီးပွားရေး လုပ်ငန်း ရှင်များ ပါဝင်ရန် ဖိတ်ခေါ် ကြောင်း နှင့် လာမည့်နှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ် မြောက် တရုတ်နိုင်ငံ နိုင်ငံတကာသွင်းကုန်ပြပွဲကို ပါဝင်ရန်လည်း ဖိတ်ခေါ်ကြောင်း၊ လူဦးရေ သန်းပေါင်း ၁၄၀၀ နီးပါးရှိသည့် တရုတ်နိုင်ငံဈေးကွက်သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အရင်းအမြစ်တစ်ခု ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)