Australia / Oceania
ဩစတြေးလျနိုင်ငံ အစိုးရအဖွဲ့ အစည်းအဝေးက သေနတ်စီမံခန့်ခွဲရေး ဥပဒေများကိုအားဖြည့်ရန် သဘောတူ
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘာနီစီနှင့် ပြည်နယ်၊ နယ်မြေအသီးသီးမှ ခေါင်းဆောင်များသည် ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပသော နိုင်ငံအစိုးရအဖွဲ့ အစည်းအဝေးတွင် “အားကောင်းသော၊ ပြတ်သားသော၊ အဓိကအချက်များ ထင်ရှားမြင်သာသော” လှုပ်ရှားမှုများ လုပ်ဆောင်ပြီး သေနတ်စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သော ဥပဒေများကို အားဖြည့်ရန် သဘောတူညီခဲ့ကြသည်။ဩစတြေးလျနိုင်ငံ ပြည်နယ်နှင့် နယ်မြေ အသီးသီးမှ ခေါင်းဆောင်များသည် အမျိုးသားသေနတ်စီမံခန့်ခွဲရေးဥပဒေများကို အားဖြည့်ရန် သဘောတူညီခဲ့ကြကြောင်း အယ်လ်ဘာနီစီက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။ ၎င်းတို့သည် ပြည်နယ်နှင့် နယ်မြေအသီးသီးမှ ရဲတပ်ဖွဲ့နှင့် ရှေ့နေရုံး တာဝန်ရှိသူများအား သက်ဆိုင်ရာအစီအစဉ်များ ရေးဆွဲရန် တာဝန်ပေးခဲ့ကြောင်း၊ ယင်းအကြောင်းအရာများတွင် အမျိုးသားသေနတ်မှတ်ပုံတင်ခြင်း လုပ်ငန်း ထူထောင်ရေး အရှိန်မြှင့်ခြင်း၊ သေနတ်လိုင်စင်ထုတ်ပေးရာမှာ “ရာဇဝတ်မှုဆိုင်ရာထောက်လှမ်းမှု” ကို ပိုမိုအသုံးပြုခွင့်ပေးခြင်း၊ တစ်ဦးချင်း ပိုင်ဆိုင်နိုင်သော သေနတ်အရေအတွက်နှင့် သေနတ်လိုင်စင်၊ သေနတ်အမျိုးအစားများကို ကန့်သတ်ခြင်း၊ ဩစတြေးလျနိုင်ငံသားဖြစ်မှုသည် သေနတ်လိုင်စင်ရရှိနိုင်ရန် အခြေအနေများအနက်တစ်ခုဖြစ်ခြင်း ပါဝင်ကြောင်း ဖော်ပြထားသည်။
ဘွန်ဒီကမ်းခြေ၌ ဒီဇင်ဘာ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် သံသယရှိသူတစ်ဦးအပါအဝင် လူ ၁၆ ဦး သေဆုံး၍ ၄၀ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သံသယရှိသူနှစ်ဦးမှာ သားအဖဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့ဘက်က ဒီဇင်ဘာ ၁၅ ရက်တွင် ကြေညာခဲ့သည်။ယင်းမှာ ၁၉၉၆ ခုနှစ် တက်စ်မန်းနီးယားပြည်နယ် Arthur ဆိပ်ကမ်း၌ ဖြစ်ပွားသော ပစ်ခတ်မှုကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ချိန်မှစ၍ ဩစတြေးလျနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် အပြင်းထန်ဆုံး သေနတ်ပစ်ခတ်မှုကြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(Chinese Version)
澳大利亚国家内阁会议同意加强枪支管理法律
新华社悉尼12月15日电(记者齐紫剑 李晓渝)澳大利亚总理阿尔巴尼斯与澳各州、领地领导人15日举行的国家内阁会议同意采取“强有力、果断、重点突出”的行动,加强有关枪支管理的法律。
阿尔巴尼斯在一份声明中说,澳各州、领地领导人同意加强全国枪支管理法律。他们已委托各州、领地警察和检察部门负责人制定相关方案,内容包括:加快建立国家枪支登记册工作;发放枪支执照过程中允许更多使用“犯罪情报”;限制个人持有的枪支数量以及枪支执照和枪支类型;拥有澳大利亚公民身份是获得枪支执照的条件之一。
澳大利亚警方15日通报说,悉尼邦迪滩14日发生的枪击事件已造成包括1名作案嫌疑人在内的16人死亡、40人受伤,两名嫌疑人为一对父子。
这是自1996年塔斯马尼亚州亚瑟港枪击事件造成35人死亡以来,澳大利亚发生的最严重的大规模枪击事件。(完)
图说1:12月15日,澳大利亚首都堪培拉的旧议会大厦降半旗悼念悉尼邦迪滩枪击事件遇难者。新华社发(储晨摄)
图说2:12月15日,在澳大利亚悉尼,人们在邦迪滩枪击事件现场附近悼念遇难者。新华社记者 马平 摄
