Connect with us

Australia / Oceania

ဆစ်ဒနီမြို့ပစ်ခတ်မှုတွင် သံသယရှိသူနှစ်ဦးက IS အကြမ်းဖက်အဖွဲ့အစည်းအပေါ် သစ္စာခံကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ဖူးသည်ဟု သြစတြေးလျမီဒီယာ ဆို

ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုအတွင်း သံသယရှိသူနှစ်ဦးသည် IS အကြမ်းဖက်အဖွဲ့အစည်းအပေါ် သစ္စာခံကြောင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ဖူးသည်ဟု သြစတြေးလျ ပူးတွဲ အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ မှ စုံစမ်းစစ်ဆေးသူများက ဆိုခဲ့ကြောင်း သြစတြေးလျ ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်း (ABC) ၏ ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ခဲ့သော သတင်းအရ သိရသည်။ ရဲများသည် ဘွန်ဒီကမ်းခြေ၌ သေနတ်ပစ်သူနှစ်ဦး၏ ကားထဲတွင် IS အလံတစ်ခုကို တွေ့ရှိခဲ့ကြောင်း အမည်မဖော်လိုသော အကြမ်းဖက်မှု တန်ပြန်ရေးအဖွဲ့ မှ အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ ဩစတြေးလျ လုံခြုံရေး ထောက်လှမ်းရေးအဖွဲ့ (ASIO) သည် လွန်ခဲ့သော ၆ နှစ်ကပင် ဘွန်ဒီကမ်းခြေ၌ သေနတ်ပစ်သူနှစ်ဦးအနက် တစ်ဦးဖြစ်သူ Naveed Akram ကို စုံစမ်းစစ်ဆေးနေခဲ့ပြီး ၎င်းသည် ဆစ်ဒနီမြို့ရှိ IS အကြမ်းဖက်သမားများနှင့် နီးကပ်စွာ ဆက်နွယ်မှုရှိသည်ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၄ ရက် ဘွန်ဒီကမ်းခြေ၌ ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုကြောင့် သံသယရှိသူတစ်ဦးအပါအဝင် လူ ၁၆ ဦး သေဆုံး၍ ၄၀ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သံသယရှိသူနှစ်ဦးမှာ သားအဖဖြစ်ပြီး သားဖြစ်သူမှာ Naveed Akram ဖြစ်ကြောင်း သြစတြေးလျရဲဘက်က ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

………………………..
(Chinese Version)
澳媒:悉尼枪击案两名嫌疑人曾宣誓效忠恐怖组织
新华社悉尼12月15日电 据澳大利亚广播公司15日报道,澳大利亚联合反恐小组调查人员说,悉尼邦迪滩枪击事件两名嫌疑人曾宣誓效忠“伊斯兰国”恐怖组织。
报道援引联合反恐小组一名不愿透露姓名的高级官员的话说,警方在邦迪滩两名枪手车内发现一面“伊斯兰国”旗帜。这名官员说,澳大利亚安全情报组织6年前就已在调查邦迪滩枪击案两名枪手之一的纳尔维德·阿克拉姆,他与“伊斯兰国”在悉尼的恐怖分子有密切联系。
澳大利亚警方15日说,14日在悉尼邦迪滩发生的枪击事件已造成包括1名作案嫌疑人在内的16人死亡、40人受伤,两名嫌疑人为一对父子,纳尔维德·阿克拉姆是儿子。(完)
图说1:这是12月14日在澳大利亚悉尼的邦迪滩枪击现场附近拍摄的警方车辆。新华社记者马平摄
图说2:12月14日,在澳大利亚悉尼,警察在邦迪滩枪击事件附近区域执勤。新华社记者马平摄