Australia / Oceania
သြစတြေးလျနိုင်ငံ ပင်လယ်ကမ်းခြေ ပစ်ခတ်မှုတွင် သံသယရှိသူကို စွဲချက် ၅၉ ခုဖြင့် တရားစွဲဆို
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးပြည်နယ်ရဲတပ်ဖွဲ့က ပြည်နယ်၏ အကြမ်းဖက် ပူးတွဲတိုက်ဖျက်ရေးတပ်ဖွဲ့သည် ဆစ်ဒနီမြို့ ဘွန်ဒီကမ်းခြေ Bondi Beach ပစ်ခတ်မှုတွင် သံသယရှိသူ အသက် ၂၄ နှစ်အရွယ် Naveed Akram အား ပြစ်မှု ၅၉ ခုဖြင့် တရားဝင်စွဲချက်တင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။အဆိုပါသံသယရှိသူသည် လက်ရှိတွင် ဆေးရုံတစ်ခု၌ ရဲတပ်ဖွဲ့၏ စောင့်ကြည့်မှု ခံယူနေရကြောင်း သိရသည်။ ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် စုံစမ်းစစ်ဆေးသူများသည် ထိုနေ့တွင် ဆေးရုံသို့ သွားရောက်ခဲ့ပြီး Navid အား ပြစ်မှု ၅၉ ခုဖြင့် စွဲချက်တင်ခဲ့ကြောင်း၊ ယင်းတွင် အကြမ်းဖက်ဝါဒ လုပ်ရပ် ကျူးလွန်မှု ၁ မှု၊ လူသတ်မှု ၁၅ မှုနှင့် လူသတ်ရန်ကြိုးပမ်းမှု ၄၀ မှု ကြောင့် လူများဒဏ်ရာရမှု သို့မဟုတ် ခန္ဓာကိုယ် ပြင်းထန်စွာ ထိခိုက်မှု စသည့် စွဲချက်များ ပါဝင်ကြောင်း ဖော်ပြခဲ့သည်။

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ဘွန်ဒီကမ်းခြေ Bondi Beach ပစ်ခတ်မှုဖြစ်ပွားရာနေရာ အနီးဝန်းကျင်အား ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကနဦးလက္ခဏာများက ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုသည် IS အစွန်းရောက်အဖွဲ့၏ အတွေးအခေါ် လှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ဖော်ပြနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ဆစ်ဒနီမြို့ ဘွန်ဒီကမ်းခြေတွင် ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုကြောင့် သံသယရှိသူတစ်ဦး အပါအဝင် လူ ၁၆ ဦး သေဆုံးခဲ့သည်။ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ ပစ်ခတ်မှုကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ ၂၂ ဦး ရှိရာ ယင်းအနက် ၉ ဦးမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေပြီး ၁၃ ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း တည်ငြိမ်သည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ (Xinhua)
—————————–
澳大利亚海滩枪击事件嫌疑人受到59项指控
新华社悉尼12月17日电(记者齐紫剑 李晓渝)澳大利亚新南威尔士州警方17日说,该州联合反恐小组对悉尼邦迪滩枪击事件嫌疑人、24岁的纳维德·阿克拉姆正式提出59项罪名指控。
这名嫌疑人目前在医院接受警方监视。警方在声明中说,调查人员当天前往医院,对纳维德提出59项罪名指控,包括1项实施恐怖主义行为、15项谋杀、40项意图谋杀而致人受伤或严重身体伤害等指控。
警方还说,初步迹象表明,邦迪滩枪击案是一起受极端组织“伊斯兰国”思想驱动而发动的恐怖袭击。
悉尼邦迪滩14日发生的枪击事件已造成包括1名作案嫌疑人在内16人死亡。截至17日早上,仍有22人因枪击事件在医院接受治疗,其中9人情况危急,13人伤势严重但情况稳定。(完)
图说1:12月15日,在澳大利亚悉尼,警方封锁邦迪滩枪击事件现场附近区域。新华社记者 马平 摄
图说2:这是12月15日在澳大利亚悉尼拍摄的邦迪滩枪击事件现场附近区域。新华社记者 马平 摄
