Australia / Oceania
ဩစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေပစ်ခတ်မှု၏ သံသယရှိသူက ဖိလစ်ပိုင်၌ လေ့ကျင့်မှု ခံယူခဲ့ဖူးသည်ကို ဖိလစ်ပိုင်ဘက် ငြင်းဆို
မနီလာ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) အနေဖြင့် ဩစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေ အကြီးအကျယ်ပစ်ခတ်မှုနှင့် စပ်လျဉ်းသည့် သံသယရှိသူနှစ်ဦးသည် ဖိလစ်ပိုင်နိုင်ငံ၌ လေ့ကျင့်မှု ခံယူခဲ့ဖူးသည်ဟူသော ပြောဆိုချက်အား အတည်မပြုနိုင်ဟု အခိုင်အမာယူဆကြောင်း ဖိလစ်ပိုင် သမ္မတရုံး ပြန်ကြားရေးရုံးခန်းက ဒီဇင်ဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။ဖိလစ်ပိုင် သမ္မတရုံး ပြန်ကြားရေး ပြောခွင့်ရပုဂ္ဂိုလ် Claire Castro က ဖိလစ်ပိုင်သမ္မတ မားကို့စ်က ထိုကဲ့သို့ပြောဆိုချက်ကို ပြင်းပြင်းထန်ထန် ပယ်ချ၍ ဖိလစ်ပိုင်အား “ISIS လေ့ကျင့်ရေးစခန်း” အဖြစ် ပြောဆိုခြင်းကို ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
Claire Castro က NSC ၏ သတင်းထုတ်ပြန်ချက်အား တစ်ဆင့်ခံပြောကြားခဲ့ရာ ဖိလစ်ပိုင်နိုင်ငံ သက်ဆိုင်ရာဌာနများက နိုင်ငံတကာမိတ်ဖက်များနှင့် ညှိနှိုင်းပူးပေါင်းမှု လုပ်ဆာင်နေပြီး ရရှိထားသော အချက်အလက်အားလုံးကို အဆက်မပြတ် စစ်ဆေးအတည်ပြုနေကြောင်း၊ သို့သော် ယနေ့အထိ ဖိလစ်ပိုင်က အကြမ်းဖက်ဝါဒ လေ့ကျင့်ရေးနေရာအဖြစ် အသုံးပြုခံရသည်ဟူသော ပြောဆိုချက်ကို ထောက်ခံပေးနိုင်သည့် မည်သည့်သက်သေမျှ မတွေ့ရှိသေးကြောင်း ပြောကြားခဲ့သည်။
ဩစတြေးလျမီဒီယာက ဒီဇင်ဘာ ၁၆ ရက်တွင် နယူးဆောက်သ်ဝေးလ်ပြည်နယ်ရဲတပ်ဖွဲ့ သတင်းကို ကိုးကား၍ ဘွန်ဒီကမ်းခြေပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သည့် သံသယရှိသူနှစ်ဦး ဖြစ်သော အသက် ၂၄ နှစ်အရွယ် Naveed Akram နှင့် အသက် ၅၀ နှစ်အရွယ် Sajid Akram တို့သည် ယခုနှစ် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ခဲ့ဖူးပြီး အမှုမဖြစ်ပွားမီ ရက်သတ္တပတ် အနည်းငယ်မှသာ ဩစတြေးလျသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်ဟု သတင်းဖော်ပြထားသည်။
ဘွန်ဒီကမ်းခြေပစ်ခတ်မှု၏ သေနတ်ပစ်ခတ်သူနှစ်ဦးသည် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံသို့ လာရောက်ခဲ့ဖူးကြောင်း ဖိလစ်ပိုင်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် အတည်ပြုခဲ့သည်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဘွန်ဒီကမ်းခြေတွင် ဒီဇင်ဘာ ၁၄ ရက်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုကြောင့် ပြစ်မှု သံသယရှိသူတစ်ဦး အပါအဝင် ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)
———————————
(Chinese Version)
菲方否认澳海滩枪击事件嫌疑人曾在菲受训
新华社马尼拉12月17日电(记者张怡晟 聂晓阳)菲律宾总统府新闻办公室17日表示,菲国家安全委员会坚持认为,有关澳大利亚悉尼邦迪滩大规模枪击事件的两名嫌疑人曾在菲律宾接受培训的说法没有得到证实。
菲总统府新闻发言人卡斯特罗说,菲总统马科斯强烈驳斥这种言论,反对把菲律宾描述为“‘伊斯兰国’训练基地”。
卡斯特罗转述菲国家安全委员会的声明说,菲律宾有关部门正与国际伙伴保持协调,持续核查所有可得信息,但迄今未发现任何证据支持菲律宾被用作恐怖主义训练地点的说法。
澳大利亚媒体16日援引新南威尔士州警方消息报道,制造邦迪滩枪击案的两名嫌疑人——24岁的纳维德·阿克拉姆和50岁的赛义德·阿克拉姆——曾于今年11月去过菲律宾,直到案发前数周才回到澳大利亚。
菲律宾移民局16日证实,邦迪滩枪击事件的两名枪手11月曾到访菲律宾。
悉尼邦迪滩14日发生的枪击事件已造成包括1名作案嫌疑人在内16人死亡。(完)
图说:这是12月15日在澳大利亚悉尼拍摄的邦迪滩及附近区域(无人机照片)。新华社记者 马平 摄
