Connect with us

Eastern Europe

ပြင်သစ်ခရီးစဉ်ကို ပူတင်ပယ်ဖျက်

ရှုရှားသမ္မတ ပူတင် နှင့် ပြင်သစ် သမ္မတ ဟော်လန်ဒီတို့ နှစ်ဦး ၂ဝ၁၅ ခုနှစ်အောက်တိုဘာလက တွေ့ ဆုံစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်သည် ခရီးစဉ်အတွင်း အစီအစဉ် အပြောင်းအလဲကြောင့် အောက်တိုဘာလ ၁၉ ရက်တွင် ပြင်သစ်နိုင်ငံသို့သွားရောက်လည်ပတ်မည့် ၎င်း၏ ခရီးစဉ်အား ဖျက်သိမ်းလိုက်ကြောင်း ကရင်မလင် နန်းတော်က အောက်တိုဘာလ ၁၁ ရက်တွင်ပြောကြားလိုက်သည်။

“ ပြင်သစ်နိုင်ငံမှာရှိတဲ့ ရုရှားယဉ်ကျေးမှု နဲ့ပြပွဲဌာန အခမ်းအနားဖွင့်ပွဲကို တက်ရောက်ဖို့စီစဉ်ထားတဲ့ အစီအစဉ် ဖျက်သိမ်း လိုက်တဲ့အတွက် ဒီခရီးစဉ် ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ကရင်မလင်နန်းတော်ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ပြောသည်။

သို့သော် လုပ်ငန်းအစီအစဉ်အပြောင်းအလဲ အကြောင်းပြချက်ကြောင့် ယခုခရီးစဉ်ဖျက်သိမ်းလိုက်သော်လည်း သမ္မတ ပူတင်သည် ပြင်သစ်နိုင်ငံသို့သွားရောက်လည်ပတ်ရန် အသင့်ရှိနေကြောင်း ၎င်းက ဆိုသည်။ “ ပြင်သစ်သမ္မတ ဟော်လန်ဒီ အဆင်ပြေတဲ့အချိန်ကြရင် သွားလည်မှာပါ” ဟု Peskov က ဆက်ပြောသည်။

အောက်တိုဘာလ ၉ ရက်က TMC ရုပ်သံနှင့်ပြုလုပ်သော အင်တာဗျူးတွင် ပြင်သစ်သမ္မတက သမ္မတပူတင်နှင့်တွေ့ဆုံပါက ရုရှားတပ်ဖွဲ့ဝင်များက ဆီးရီးယား အရပ်သားများအပေါ် ဗုံးကျဲတိုက်ခိုက်နေသည့် ကိစ္စရပ်ကိုဆွေးနွေးသွားရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အောက်တိုဘာလ ၈ ရက်တွင် ပြင်သစ်နိုင်ငံက ထောက်ခံရေးဆွဲထားသည့် ဆီးရီးယားအရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားနိုင်ငံက ဗီတိုအာဏာသုံး၍ ကန့်ကွက်ခဲ့သည်။ ထို့ပြင် လုံခြုံရေးကောင်စီ(UNSC) မှရေးဆွဲထားသည့် မူကြမ်းကို လက်မခံဘဲ ၎င်းတို့အစီအစဉ်ဖြင့်သာ ရေးဆွဲမည်ဖြစ်ကြောင်း ရုရှားက အဆိုပြုခဲ့သည်။

တစ်ချိန်တည်းမှာပင် အောက်တိုဘာလ ၁၉ ရက်တွင် ၈ျာမနီနိုင်ငံ ဘာလင်မြို့၌ နော်မန်ဒီ(Normandy) ပုံစံဟု အမည်ပေးထားသည့် ယူကရိန်းနိုင်ငံ အကျပ်အတည်းနှင့်ပတ်သက်သော ဂျာမနီ ၊ ပြင်သစ် နှင် ယူကရိန်းနိုင်ငံတို့၏ ဆွေးနွေးပွဲကို ရုရှားသမ္မတ ပူတင် ပါဝင်ခြင်း ရှိ/မရှိ ကို Peskov က အတည်ပြုပေးခဲ့ခြင်းမရှိပါ။

အဆိုပါ ဆွေးနွေးပွဲတွင် ပါဝင်ရေးနှင့်ပတ်သက်၍ ရုရှားနိုင်ငံက ပြင်ဆင်နေကြောင်း ၊ နေ့ရက် နှင့် အချိန်ကို ကြေညာပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။“ကျွန်တော်တို့အသင့်ဖြစ်တာနဲ့ချက်ခြင်းကြေညာမှာပါ” ဟု ပြောကြားခဲ့သည်။ Xinhua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.