Eastern Europe
ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင်း လေယာဉ် ပျက်ကျမှု၌ အသက် ၄ နှစ်အရွယ် မိန်းကလေး တစ်ဦး အသက်ရှင်ကျန်ရစ်

မော်စကို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ အရှေ့ဖျားဒေသတွင် လေယာဉ် တစ်စင်း ပျက်ကျပြီးနောက် လေယာဉ်ပေါ်တွင် လိုက်ပါသွားသူ ခြောက်ဦး သေဆုံးခဲ့ပြီး အသက် လေးနှစ်အရွယ် မိန်းကလေး တစ်ဦး အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း Khabarovsk နယ်မြေ အာဏာပိုင်များက နိုဝင်ဘာလ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်ပေါ်တွင် ခရီးသည် ငါးဦး လေယာဉ်ဝန်ထမ်း နှစ်ဦးတို့ ပါရှိပြီး ယင်းနေ့ အစောပိုင်းက Khabarovsk မြို့မှ ထွက်ခွာပြီးနောက် အရှေ့ဖျားဒေသ Nelkan ရှိ ကျေးရွာ တစ်ရွာအနီး ပျက်ကျခဲ့ခြင်း ဖြစ်သည်။
လေယာဉ် ပျက်ကျရာ နေရာတွင် အဆိုပါ မိန်းကလေးအား အသက်ရှင်လျက် တွေ့ရခြင်းဖြစ်ပြီး ခြေထောက်ကျိုးခြင်းနှင့် ဦးနှောက်ထိခိုက်ခြင်းများအား ကုသရန်အတွက် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယင်း လေယာဉ် ပျက်ကျမှုအား စုံစမ်းစစ်ဆေးရန် မော်စကိုမှ အထူးကော်မရှင် တစ်ရပ် နိုဝင်ဘာလ ၁၆ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။ (Xinhua)