Europe
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုကို ခိုင်မာစွာလက်ကိုင်ထားရန် တိုက်တွန်း
ပါရီ ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုကို ခိုင်မာစွာ လက်ကိုင်ထားပြီး လူမှုရေးမညီမျှမှု၊ နျူကလီးယားလက်နက် ပြန့်ပွားလာမှု ၊ ရာသီဥတုပြောင်းလဲလာမှု စသည့် ကမ္ဘာ့လုံးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က နိုဝင်ဘာ ၁၁ ရက် ပြင်သစ်နိုင်ငံ မြို့တော်ပါရီတွင် တိုက်တွန်းပြောကြားခဲ့သည်။
ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုဖြင့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာတွင် အောင်မြင်မှုများရရှိခဲ့ သည်မှာ မျက်မြင်လက်တွေ့ပင် ဖြစ်ကြောင်း ၊လက်ရှိကမ္ဘာတွင် အကြမ်းဖက်ဝါဒီများနှင့် အခြားသော စိန်ခေါ်မှုအန္တရာယ်များရင်ဆိုင်နေရခြင်းဖြစ်ရာ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှုမှာ မရှိမဖြစ် အရေးပါမှု တစ်ခုပင်ဖြစ်ကြောင်း မစ္စတာ ဂူတာရက်စ်က နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပါရီ ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ဘက်ပေါင်းပူးပေါင်းပါဝင်မှုကို တွန်းအားပေးဆောင်ရွက်ရန်ရည်ရွယ်၍ ပြင်သစ်သမ္မတ မက်ခရွန်က အဆိုပြု ကျင်းပသည့် ပါရီ ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားကို ပြင်သစ်သမ္မတ မက်ခရွန်၊ ရုရှားသမ္မတ ပူတင်၊ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကဲတို့ ပါဝင်တက်ရောက်ခဲ့ ကြောင်းသိရသည်။ (Xinhua)