Europe
ဂရိ နိုင်ငံ တွင် ပြင်းထန်စွာ မိုးရွာသွန်းမှု ဖြစ်ပွားသောကြောင့် လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံး
အေဒင် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ဂရိ နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ ယခု ရက်ပိုင်းအတွင်း မြို့တော် အေဒင် ၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် လက်ရှိချိန်ထိ လူပေါင်း အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အေဒင် မြို့ အနောက်ဘက် ကီလိုမီတာ ၂၀ အကွာရှိ မြို့များတွင်လည်း နိုဝင်ဘာ ၁၅ ရက်နေ့၌ ရုတ်တရတ် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးမှု ဖြစ်ပွားခဲ့ပြီး အိမ်များ ရေနှစ်မြုပ်မှု ဖြစ်ကွားခဲ့ကာ လူများ ပျောက်ဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ဂရိ နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက် မြင်ကွင်း (ဆင်ဟွာ)
ဂရိ နိုင်ငံ တွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက် မြင်ကွင်း (ဆင်ဟွာ)
မီးသတ်တပ်ဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၅ ရက်နေ့၌ ဖုန်းဆက်အကူအညီ တောင်းခံမှု ပေါင်း ၆၀၀ ကျော် လက်ခံရရှိခဲ့ပြီး နေအိမ် နှင့် ကားများမှ လူပေါင်း ၈၆ ဦး ကို ကယ်ဆယ်နိုင်ခဲ့ကာ လက်ရှိချိန်ထိ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက် နေကြောင်း သိရှိရသည်။
ဂရိ နိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras က တစ်နိုင်ငံလုံးထံသို့ ရုပ်မြင်သံကြား မှ မိန့်ခွန်းပြောကြား ရာတွင် နိုဝင်ဘာ ၁၅ ရက်နေ့အား တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ် နေ့ အဖြစ် သတ်မှတ်ကြောင်း ၊ အင်အား အားလုံးကို အသုံးပြုပြီး ဘေးဒုက္ခခံခဲ့ရသည့် မိသားစု နှင့် လုပ်ငန်းများကို ကူညီထောက်ပံ့ပေးသွားမည် ဟု ကတိ ပြုကြောင်း ၊ ဘေးဒုက္ခ ကျရောက်သည့် ဒေသများအား အရေပေါ် အခြေအနေ အဖြစ် ကြေညာချက် ထုတ်ပြန်ကြောင်း ပြောကြား ခဲ့သည်။
ဂရိ နိုင်ငံ သိပ္ပံပညာရှင်များက ရာသီဥတုပြောင်းလဲခြင်း နှင့် မြို့ပြစီမံသတ်မှတ်ချက်များကို ချိုးဖောက်ခြင်း သည် ယခု ဘေးဒုက္ခ ဖြစ်ပွား ရသည့် အဓိက အကြောင်းရင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဂရိ နိုင်ငံ မိုးလေဝသ ဌာန က လာမည့်ရက်ပိုင်းများတွင်လည်း ဂရိ နိုင်ငံတွင် ဆိုးရွားသည့် ရာသီဥတု အခြေအနေများ ဆက်လက် ဖြစ်ပေါ်မည် ဖြစ်သောကြောင့် အစိုးရ အဖွဲ့ အနေဖြင့် သတိကြီးစွာ ထားရှိရမည် ဟု သတိပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။(Xinhua)