Europe
စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ရှီနှင့် ပူတင်တို့ တွေ့ဆုံ
စိန့်ပီတာစ်ဘာ့ဂ်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဇွန်လ ၆ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပူတင်က ရှီအား နီဗာမြစ်တွင် အပျော်စီးသင်္ဘောခရီးစဉ်တစ်ခုသို့ လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ ရှီအား ပူတင်က ၎င်း၏ မွေးရပ်မြေတွင် ကြိုဆိုခဲ့ပြီး ဒေသခံဓလေ့ထုံးတမ်းများနှင့် မြစ်တစ်ဖက်တစ်ချက်စီတွင်ရှိသော အဆောက်အအုံများအကြောင်း မိတ်ဆက်ပေးခဲ့သည်။
ရှီက လှပသော ရှုခင်းများနှင့် ဆွဲဆောင်မှုရှိသော အနုပညာလက်ရာနှင့် ယဉ်ကျေးမှုများအား ချီးကျူးလိုက်ကာ စိန့်ပီတာစ်ဘာ့ဂ်မြို့တွင် ထင်ရှားသော ပြယုဂ်များစွာအား ထိန်းသိမ်းစောင့်ရှောက်ထားရှိခဲ့ကြောင်းနှင့် ရုရှားနိုင်ငံနှင့် ရုရှားပြည်သူများ၏ ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ နှစ်ဦးတို့သည် Winter နန်းတော်သို့ ရောက်ရှိလာပြီးနောက် လတ်တလော နိုင်ငံတကာ အခြေအနေနှင့် အဓိက နိုင်ငံတကာနှင့် ဒေသတွင်း ကိစ္စရပ်ကြီးအချို့ပေါ်တွင် နက်ရှိုင်းသော လမ်းကြောင်းတစ်ခုအား အမြင်ချင်းဖလှယ်ခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် အားသစ်လောင်းမှုအား လုပ်ဆောင်ရာတွင် အရေးပါသော သမိုင်းကြောင်းဇာတ်ခုံတစ်ခုတွင် ရှိနေကြောင်း ရှီက အလေးထားပြောခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် မော်စကိုမြို့တွင် ဇွန်လ ၅ ရက်က တွေ့ဆုံဆွေးနွေးပြီးနောက် ၂၃ ကြိမ်မြောက် စိန့်ပီတာစ်ဘာ့ဂ် နိုင်ငံတကာ စီးပွားရေးဖိုရမ် တက်ရောက်ရန် ဇွန်လ ၆ ရက် အစောပိုင်းက စိန့်ပီတာစ်ဘာ့ဂ်မြို့သို့ ရောက်ရှိလာခဲ့သည်။ (Xinhua)