Europe
တယ်ရီအား ပြန်လည်ခေါ်ယူရန် အင်္ဂလန်အသင်း မန်နေဂျာ စဉ်းစား

လန်ဒန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
အင်္ဂလန်အသင်း မန်နေဂျာ အသက် ၆၁ နှစ်အရွယ် ဆမ် အယ်လာဒိုက်စ် (Sam Allardyce) သည် အသင်း ခေါင်းဆောင်ဟောင်း ဂျွန် တယ်ရီ (John Terry) အား ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း သြဂုတ်လ ၂၂ ရက် ပြောကြား လိုက်သည်။
ယူရို ၂၀၁၆ အိုက်စ်လန်နှင့် ပွဲစဉ်၌ အင်္ဂလန်အသင်း ရှုံးနိမ့်ခဲ့ပြီးနောက် အင်္ဂလန်အသင်း မန်နေဂျာ Roy Hodgson နုတ်ထွက်ခဲ့ကာ ဇူလိုင်လတွင် အယ်လာဒိုက်စ်အား မန်နေဂျာ အဖြစ် ခန့်အပ်ခဲ့သည်။
အယ်လာဒိုက်စ်၏ မန်နေဂျာ သက်တမ်းသည် ၂၀၁၈ ကမ္ဘာ့ ဖလား ခြေစစ်ပွဲအတွက် ဆလိုဗက်ကီးယားနှင့် အင်္ဂလန်အသင်းတို့ စက်တင်ဘာလ ၄ ရက် ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်နှင့်အတူ စတင်မည် ဖြစ်ပြီး ၎င်း၏ အသင်းသားစာရင်းအား မကြာမီ ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
တယ်ရီသည် ကစားပွဲပေါင်း ၇၈ ပွဲ ကစားထားပြီး လက်ရှိတွင် ချဲလ်ဆီးအသင်း၌ အသင်းခေါင်းဆောင်အဖြစ် မေလက တစ်နှစ်စာ စာချုပ်သစ် ချုပ်ဆိုထားသည်။ အသက် ၃၅ နှစ်အရွယ် တယ်ရီသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်အသင်းမှ အနားယူခဲ့သူ ဖြစ်သည်။
“ဒီအခွင့်အရေးမျိုး ကျွန်တော် ရခဲ့မယ်ဆိုရင် တယ်ရီကို ကျွန်တော် လက်စွပ် တစ်ကွင်းပေးမယ်၊ ဂျွန်တယ်ရီရဲ့ အပြောပေါ် မူတည်ပါတယ်၊ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ” ဟု အယ်လာဒိုက်စ်က ပြောကြားခဲ့သည်။ (Xinhua)