Connect with us

Europe

ပျောက်ဆုံးသွားသည့် ရုရှားစစ်လေယာဉ် အပိုင်းအစအား ပင်လယ်နက်အတွင်း ရှာဖွေတွေ့ရှိ

ရုရှား လေတပ်တွင်အသုံးပြုလျက်ရှိသည့် Tu-154 လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)

ပျောက်ဆုံးနေသည့် ရုရှားစစ်လေယာဉ် Tu-154 ၏ အပျက်အစီးအပိုင်းအစအား ပင်လယ်နက်အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာန အာဏာပိုင်များက ဒီဇင်ဘာ ၂၅တွင်ပြောကြားခဲ့သည်။

ဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ရေးက ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ Tu-154 လေယာဉ်၏ အပိုင်းအစများအား Sochiမြို့ ပင်လယ်နက်ကမ်းခြေမှ ၁.၅ကီလိုမီတာ အကွာအဝေး ရှိ ရေအောက် ၅၀ မှ ၇၀ မီတာ အတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်သည် လာတာကီရာမြို့ အနီး ရုရှားနိုင်ငံ၏ Hmeimim လေတပ်စခန်းသို့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်ပေါ်၌ ရုရှားလူမျိုး စစ်မှုထမ်းများ နှင့် ရုရှားတပ်မတော်တေးဂီတအဖွဲ့ Alexandrov Ensembel အဖွဲ့ဝင်များ သည် လေတပ်စခန်း၌ နှစ်သစ်ကူးပွဲတော်ကျင်းပရန် လိုက်ပါလာကြကြောင်း ဝန်ကြီးဋ္ဌာနကပြောကြားခဲ့သည်။

ထို့အပြင် သတင်းမီဒီယာများမှ ကိုယ်စားလှယ် ၉ဦးလည်းလိုက်ပါလာကြောင်း ဝန်ကြီးဋ္ဌာနက မှတ်ချက်ပေးခဲ့သည်။

ကနဦးရရှိသည့် သတင်းအချက်အလက်များကို အခြေခံ၍ လေယာဉ်ပျက်ကျမှုသည် နည်းပညာပိုင်းချို့ယွင်းမှု (သို့) လေယာဉ်မှူး၏ လွဲချော်မှုတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေးကော်မတီက လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်၍ စစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

Tu-154 လေယာဉ်သည် ရုရှား အာကာသလေကြောင်း နှင့် ကာကွယ်ရေး ကုမ္ပဏီ Tupolev မှ ထုတ်လုပ်ခဲ့သည့် အင်ဂျင်သုံးလုံးပါ အလယ်အလတ်အမျိုးအစား လေယာဉ်တစ်စီးဖြစ်ပြီး ယင်းလေယာဉ်သည် ယခုအသုံးပြုလျက်ရှိသည့် အမြန်ဆုံးပြည်တွင်းဖြစ်လေယာဉ်များအနက် တစ်စီးအပါအဝင် ဖြစ်ကာ ရာသီဥတုဆိုးရွားလှသည့် အာတိတ်ဒေသတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.