Connect with us

Europe

လူ ၇၀လိုက်ပါလာသည့် ရုရှားစစ်လေယာဉ် တစ်စီး ရေဒါမှ ပျောက်ဆုံးမှုဖြစ်ပွား

ရုရှား လေတပ်တွင်အသုံးပြုလျက်ရှိသည့် Tu-154 လေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဒီဇင်ဘာ ၂၅ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနမှ လေယာဉ် တစ်စီးသည် လူ ၇၀ဦးကို တင်ဆောင်၍ ဆိုချီအပန်းခြေမြို့မှ ထွက်ခွာလာပြီးနောက် ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း ရုရှားသတင်းဋ္ဌာနတစ်ခုက ကနဦးရှာဖွေမှုများကို ကိုးကား၍ ဒီဇင်ဘာ ၂၅ရက်တွင်ဖော်ပြခဲ့သည်။

Tu-154 လေယာဉ်သည် အရပ်ဖက်သုံးလေယာဉ်မဟုတ်ဘဲ ဆီးရီးယားနိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်သည့် လာတာကီရာမြို့သို့ ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ရုရှားလေကြောင်း နှင့် အရေးပေါ် ဝန်ကြီးဋ္ဌာနမှ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ Sputnik သတင်းဋ္ဌာနကဖော်ပြခဲ့သည်။

နောက်ဆုံးရရှိသည့် သတင်းအရ Tu-154 လေယာဉ်သည် ရုရှားနိုင်ငံ Krasnodar Kraiဒေသရှိ တောင်တန်းများတွင် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

Tu-154 လေယာဉ်သည် ရုရှား အာကာသလေကြောင်း နှင့် ကာကွယ်ရေး ကုမ္ပဏီ Tupolev မှ ထုတ်လုပ်ခဲ့သည့် အင်ဂျင်သုံးလုံးပါ အလယ်အလတ်အမျိုးအစား လေယာဉ်တစ်စီးဖြစ်ပြီး ယင်းလေယာဉ်သည် ယခုအသုံးပြုလျက်ရှိသည့် အမြန်ဆုံးပြည်တွင်းဖြစ်လေယာဉ်များအနက် တစ်စီးအပါအဝင် ဖြစ်ကာ ရာသီဥတုဆိုးရွားလှသည့် အာတိတ်ဒေသတွင် ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.