Connect with us

Europe

ဖင်လန်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဆိုမှု မဟုတ်မှန်ကြောင်း ငြင်းဆို

ဖင်လန်နိုင်ငံသမ္မတ ဆော်လီ နီနစ်စတို အားတွေ့ရစဉ် (ဆင်ဟွာ)

ဟယ်လ်ဆင်ကီး၊ စက်တင်ဘာလ ၁၄ ရက်(ဆင်ဟွာ)

ဖင်လန်နိုင်ငံသမ္မတ ဆော်လီ နီနစ်စတို(Sauli Niinisto) ကဖင်လန်နိုင်ငံနှင့်ယူကရိန်းနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်သဘောတူခဲ့သည်ဆိုခြင်းကို စက်တင်ဘာလ ၁၃ ရက်ကမ ဟုတ်မှန်ကြောင်းငြင်းဆိုခဲ့သည်ဟုသိရသည်။

သမ္မတ နီနစ်စတို က ဖင်လန်အမျိုးသားရုပ်မြင်သံကြားမှလွှင့်ထုတ်သော ဖင်လန်နိုင်ငံ မီဒီယာများနှင့် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် မေးခွန်းများအားဖြေကြားရာ၌ထိုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၂ ရက်ကမူ နိုင်ငံတကာမီဒီယာများက နီနစ်စတို ၏ ယူကရိန်းနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှုအား သဘောတူခဲ့ကြသည်ဟု ယူကရိန်းနိုင်ငံ သမ္မတဝက်ဘ်ဆိုက် ကို ကိုးကားရေးသားခဲ့ကြသည်။

ယူကရိန်းနိုင်ငံသမ္မတ ဗိုလိုဒီမာ ဇီလန်စကီး (Volodymyr Zelensky) ကစစ်ရေးပူးပေါင်းဆောင်ရွက်မှု နှစ်နိုင်ငံအကြားပြုလုပ်သွားမည်ဟုပြောဆိုခြင်းအား ဝေဖန်မှုပြုရန် စက်တင်ဘာလ ၁၃ ရက်ကသတင်း စာရှင်းပွဲတွင်မေးမြန်းခဲ့ရာ၌ သမ္မတနီနစ်စတို ကယူကရိန်းနိုင်ငံကလွန်ခဲ့သည့်နှစ်နှစ်က စစ်ရေးပူးပေါင်း ဆောင်ရွက်မှုပြုရန ်အကြံပြုခဲ့ကြောင်း၊ သို့သော် ထိုကိစ္စအပေါ် မည်သို့မျှ တိုးတက ်ဆောင်ရွက်မှု မရှိ ကြောင်း ပြန်လည်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.