Europe
မော်ရင်ဟိုက မန်ယူနည်းပြရာထူးအတွက် ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်းပြောကြား
မန်ချက်စတာယူနိုက်တက် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ)
မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း နည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် အသင်းနည်းပြရာထူးတွင် ဆက်ရှိနေမည်ကို အပြည့်အဝယုံကြည်မှုရှိကြောင်း ပြောကြားလိုက်သည်။
ထိုသို့ရလဒ်များဆိုးရွားနေခြင်းနှင့်အတူ မန်ယူအသင်း၏အဓိက ကစားသမား ပြင်သစ်လက်ရွေးစင် ပေါပေါ့ဘာနှင့် ၎င်းအကြား သဘောထားကွဲလွဲမှုများ ရှိနေကြောင်း ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိသော်လည်း မော်ရင်ဟိုက အသင်း၌ ဆက်လက်ရှိနေမည်ဟု အပြည့်အဝ ယုံကြည်နေသည်။
ပရီးမီးယားလိဂ်တွင် စက်တင်ဘာ ၂၉ ရက်က နောက်ဆုံးယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တစ်ခု၌ မန်ယူအသင်းသည် ဝက်ဟမ်းအသင်းအား ၃ ဂိုး – ၁ ဂိုးဖြစ် ရှုံးနိုမ့်ခဲ့ပြီး ယခုနှစ်ဘောလုံးရာသီတွင် ၇ ပွဲကစား ၃ ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ ပွဲ ရှုံး ၊ ရမှတ် ၁ဝ မှတ် ၊ အဆင့် ၁ဝ နေရာဖြင့် ရပ်တည်နေရကြောင်း သိရသည်။(Xinhua)