Connect with us

Europe

ယူကရိန်းနိုင်ငံ တွင် ၈နှစ်အတွင်း ပထမဆုံး ငှက်တုပ်ကွေးဖြစ်ပွား

ယူကရိန်းနိုင်ငံရှိ ကြက်မွေးမြူရေးခြံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ယူကရိန်း၊ ဒီဇင်ဘာ ၁ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံပိုင် စားနပ်ရိက္ခာဖူလုံရေး နှင့် စားသုံးသူကာကွယ်ရေးဦးစီးဋ္ဌာန က ၂၀၀၈ခုနှစ်ကနေ ယနေ့အထိ နိုင်ငံအတွင်း၌ ပထမဆုံးအဖြစ် ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုအား တွေ့ရှိခဲ့ကြောင်း နိုဝင်ဘာ ၃၀ရက်က ကြေညာခဲ့သည်။

ယင်းရောဂါဖြစ်ပွားမှုအား ယူကရိန်းနိုင်ငံ တောင်ပိုင်း Kherson ဒေသ Novoaleksandrivka ရွာ ရှိ ပုဂ္ဂလိကပိုင် ကြက်ဘဲခြံတစ်ခု တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရွာရှိ လယ်သမားများသည် ငှက်ကောင်ရေ ၄,၅၀၀ ခန့် မွေးမြူထားကြောင်း နှင့် ဒေသတွင်း တိရစ္ဆာန်ကုသရေး အာဏာပိုင်များက ကြက်ငှက်တုပ်ကွေးရောဂါ ဆက်လက်ပြန့်ပွားမှုမရှိစေရေး အတွက် ထိန်းချုပ်မှု လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် မွေးမြူရေး ငှက်များ နှင့် တောရိုင်းငှက်များအကြား ကူးစက်စေနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး လူအား ကူးစက်နိုင်သည့်ရောဂါဖြစ်ကြောင်း သိရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များ၌ အဆိုပါ တုပ်ကွေးရောဂါအား ဥရောပတစ်လျှောက်ရှိ နိုင်ငံများစွာတွင် တွေ့ရှိခဲ့ပြီး ကြက်ဘဲတင်ပို့မှုအား တားမြစ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ခုနှစ် ဇန်နဝါရီ မှ အောက်တိုဘာလ အထိ ယူကရိန်းနိုင်ငံ၏ ကြက်ဘဲတင်ပို့မှုသည် တစ်နှစ်ထက် တစ်နှစ် ၄၆ရာခိုင်နှုန်းတိုးတက်လာပြီး ၁၉၉,၈၀၀ တန်ရှိလာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.